News

POST TYPE

SATIRE

ဒေါ်လာ​ဈေးမြင့်​​နေ၍​ Re-Export လိုင်​စင်​ထုတ်ပေးမှုရပ်​ဆိုင်း
17-Aug-2018

နေပြည်တော် သြဂုတ် ၁၇

ဒေါ်လာဈေးနှုန်းများမြင့်တက်နေ၍ နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေသည့်အတွက်​ ပြည်ပမှ ဒေါ်လာနှင့် ဝယ်ယူတင်သွင်းပြီး ပြန်​တင်​ပို့ခွင့်​လိုင်​စင်​ (Re-Export) ထုတ်​​ပေးမှုကို ယာယီရပ်​ဆိုင်းလိုက်​​ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

Re-Export ပါမစ်ဖြင့်လျှောက်ထားရာတွင် အသစ်လျှောက်ထားသည့် လိုင်စင်များကိုသာ သြဂုတ်​ ၁၇ ရက်​နေ့မှစတင်​၍ ပိတ်လိုက်ခြင်းဖြစ်သော်လည်း ယခင်ကခွင့်ပြုပေးထားသည့် ပါမစ်များကိုမူ ဆက်လက်တင်သွင်းခွင့်ပြုသွားမည်ဖြစ်​​ကြောင်း အဆိုပါဝန်​ကြီးဌာနထံမှ သိရသည်။

“​ငွေလဲနှုန်းမတည်​ငြိမ်​လို့ ပိတ်​လိုက်​တာပါ။ ဘယ်​​တော့ ပြန်​ဖွင့်​မလဲဆိုတာ​တော့ မသိ​သေးဘူး”ဟု စီးပွား​ရေးနှင့်​ ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​ ဦးရန်​နိုင်​ထွန်းက ​ပြောဆိုသည်​။

လတ်​တ​လော အဓိက နယ်​စပ်​ကုန်​သွယ်​​ရေးဇုန်​များမှတစ်​ဆင့်​ တင်​ပို့​နေ​သော Re-Export ပို့ကုန်​များဖြစ်​သည့်​ သကြားနှင့်​ စက်​သုံးဆီအပါအဝင်​ ကုန်​ပစ္စည်းအားလုံးကို ပိတ်​ပင်​လိုက်​ခြင်းဖြစ်​​ကြောင်း ၎င်းက ဆိုသည်​။

လတ်​တ​လော Re-Export ပါမစ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် သကြားတန်ချိန် (၇) သိန်းမှ (၈) သိန်းဝန်းကျင်ကြားရှိနေပြီး ပြည်ပသို့သကြားတန်ချိန် ၃ သိန်းခန့် ပြန်လည်တင်ပို့ထား​ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနထံမှ သိရသည်​။