News

11-Nov-2018
အမေရိကန်နှင့် ညှိနှိုင်းပြီး သူတို့ဆီမှ အကြမ်းဖက်သမားအကျဉ်းသားများကို လော်ရာသီဖြစ်သည့် ရှစ်လလောက် အကျဉ်းသားအငှား လက်ခံပေးထားမည်။ ထိုအတွက် နဂိုကပင် ကျပ်သိပ်နေသည့် မြန်မာ့အကျဉ်းထောင်များထဲ ထည့်ရန်လည်းမလို။ ထောင်အသစ်ဆောက်ရန်လည်း မလို။ အကျဉ်းသားနှစ် ယောက်စီတိုင်းကို မြန်မာနိုင်ငံရှိ ရပ်ကွက်အသီးသီးမှ အလှူခံမဏ္ဍပ်များတွင် ကြိုးတုပ်ပြီး ထိုင်ခိုင်းထားခြင်းဖြင့် အဆင်ပြေသည်။
04-Nov-2018
စိုပြေတို့က တောသားဆိုတော့ မြို့သီချင်းတွေလည်းမကြိုက်ပါဘူး။ ဘာတွေဆိုနေမှန်းမှမသိတာ...။ အဲ့တော့ မြန်မာသံလေးတွေနားထောင်ချင်လို့ အလှူခံတွေမျှော်နေရတာအမောပဲ...။ ဘာပဲဖြစ်ဖြစ် စိုပြေကတော့ ကံကောင်းပါတယ်....။ အခုလိုရာသီဆိုရင် လမ်းထဲမှာ အလှူခံကိုမပြတ်ဘူး...။ တစ်ဖွဲ့ပြီးတစ်ဖွဲ့လာကြတာ...။
28-Oct-2018
ဆိုလိုချင်တာက ဦးကြီးတို့လည်း ရန်ကုန်ကိုလာမယ်ဆို တူမောင့်နည်းနာနဲ့ တူမောင့်လမ်းစဉ်ကို လိုက်ဖို့လိုပါတယ်။ နိုင်ငံတော်ကို အရင်ဆုံးကြည်ညိုရင်းစွဲရှိထားဖို့လိုမှာ ဖြစ်ပါတယ်။ ရန်ကုန်ကို ဦးကြီးတို့လာမယ်ဆိုရင် မှတ်ထားရမှာက ပထမဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါ။ ဒုတိယဦးစားပေး ဘာတွေ့တွေ့ကြည်ညိုပါ။ တတိယဦးစားပေး ဘာတွေ့တွေ့ ကြည်ညိုပါဆိုတာပါပဲ။
21-Oct-2018
ဟင်... ဒါဆို ကွီးဖြိုးက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တောင် ဖြစ်ဦးမှာပါလား.... ဆိုပြီး တစ်ကမ္ဘာလုံးအတွက် စိတ်မကောင်းဖြစ်...။ ပြည်သူတွေကတော့ မြန်မာပြည်နဲ့ ဝေးလေ ကောင်းလေပဲဆိုပြီး ပျော်ရွှင်။
14-Oct-2018
“ဟဲ့...နှစ်ကောင်...နင်တို့ ယောကျာ်းတွေ မဟုတ်ဘူးလား...ဒါ...ဘာဖြစ်နေကြတာတုံး”
07-Oct-2018
WY တွေ၊ NO 4 တွေသာ အကုန်လုံး ဝိုင်းသုံးလို့ကတော့...။ ရန်ကုန်သည် နတ်ပြည်တင်မဟုတ်....။ နိဗ္ဗာန်ပါဖြစ်ပြီ။
30-Sep-2018
အမေရိကန်နှင့် တရုတ်ကြီးတို့ ကုန်သွယ်ရေး စစ်ပွဲကြောင့်ဟုလည်း အချို့က ပြောကြသည်။ အစိုးရ အသုံးမကျလို့ဟု ဆိုသူကဆိုသည်။ အရင်ဘဘတွေ၊ ခရိုနီကြီးတွေက ဒေါ်လာတွေ လှုပ်အောင် ကစားနေလို့ဟုလည်း ပြောကြသည်။ ရွှေနှင့် ဒေါ်လာတွေကို ဘဏ်တစ်ခုနှင့်ပေါင်းပြီး ပိဿာရာချီ၊ သန်းရာချီ သိမ်းနေတဲ့ ဈေးကစားသူတွေကြောင့်ဟုလည်း သတင်းသဲ့သဲ့ကြားရပြန်သည်။ ဘာကြောင့်ပဲ တက်တက် ... မောင်ဗြိအတွက်တော့ ဈေးဖိုးထဲက အကြံအဖန် ဘတ်စရာ ဘီယာဖိုးပင် မကျန်တော့တာ သေချာ၏။
23-Sep-2018
The Voice Daily သတင်းစာတွင် လော်ဘီအုတ်ခဲ ကလောင်အမည်ဖြင့် သရော်စာများရေးသားခဲ့သူ သတင်းစာဆရာ၊ ကဗျာဆရာ ဥက္ကာကိုကိုသည် စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်။ The Voice Daily သတင်းစာတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ဖော်ပြနေသော သရော်စာကဏ္ဍတွင် လော်ဘီအုတ်ခဲ ရေးသားခဲ့သော သရော်စာများထဲမှ သမ္မတဖြစ်ရတဲ့ဒုက္ခ အမည်ပေးထားသော သရော်စာကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြလိုက်ပါသည်။ (အယ်ဒီတာ)
16-Sep-2018
ဒါပေမဲ့ မီဒီယာတွေ၊ ပြည်သူတွေနဲ့ သမ္မတကြီး ဝင်ရှုပ်လိုက်တာ...။ ပြဿနာတွေ ပိုကြီးကုန်ပါရောလား။ လွှတ်ပေးတဲ့လူတွေပါ ပြန်အဖမ်းခံရရော။ ဘာမှမဟုတ်ဘဲ... အရက်ပုလင်းနဲ့ အမြည်းဖိုးလေး သိန်း ၇၀၀ ကျော်လောက်လေး ယူခဲ့တာကို အဖမ်းခံရပါလေရော။
08-Sep-2018
ဖြစ်နိုင်လျှင် နိုင်ငံတော်အနေနှင့် အစိုးရထုတ် သတင်းစာများကို လေယာဉ်ဖြင့် အပြည့်သယ်ပြီး နိုင်ငံခြားတိုင်းပြည်များပေါ်သို့ ကြဲချခြင်းဖြင့် နိုင်ငံတကာ မီဒီယာများကို ပြန်တိုက်သင့်သည်။
02-Sep-2018
ဒါကြောင့် မန္တလေးမြို့ကြီးကို ကယ်တင်ဖို့လိုသည်။ ဘယ်လိုကယ်မတုံး။ တီဗီမှာလာနေသလို ၁၉၉ ကို ဖုန်းဆက်ပါလည်း လုပ်လို့မဖြစ်။ ၁၉၉ က လာချိန်မှာ အလုခံရသူက ဆေးရုံရောက်နေလောက်ပြီ။ ဦးရဲကြီးတွေ ကြိုတင်ကာကွယ်ရင်ရော...။ ဒါကလည်း မဖြစ်နိုင်လောက်။ ဦးရဲကြီးတွေက အကြားအမြင်ရနေတာမှ မဟုတ်တာ။
18-Aug-2018
ဒေါ်လာက အရေးကြီးတယ်ဆိုရင်လည်း ကျပ်ငွေကို ဘာလို့ထုတ်နေတော့မလဲ ...။ ကျပ်ငွေထုတ်က တန်ဖိုးလည်းနည်းသေး။ ပြီးတော့ စက္ကူဈေးတွေ၊ မင်ဈေးတွေကလည်း ကြီးတယ်ဆိုလားပဲ။ အဲ့တော့ ကျပ်ငွေမထုတ်ဘဲ ဒေါ်လာပဲထုတ်ပေါ့။
11-Aug-2018
“ဂိုဒေါင်တွေ ဖွင့်ကာ ... ဝင်စစ်မယ် ... မာစီဒီးများ တွေ့စေသား ... ဟိုအရင်အဘများရယ် ... ဝှက်ထားတယ် ... ငါတို့အတွက်တော့ ... ကားစုတ်များ ချန်ရစ်တယ် ... ”
04-Aug-2018
တကယ်ပျော်ရမှာကတော့ အစိုးရဖြစ်သည်။ အခုက ဒီမိုကရေစီခေတ်မဟုတ်လား။ ပြည်သူတွေပေးသည့် မဲနှင့်အစိုးရဖွဲ့ရခြင်းဖြစ်သည်။ ဒီတော့ ပြည်သူတွေ မဲပေးအောင်လုပ်ဖို့လိုသည်။ ဒါကြောင့် မဲတွေဆွယ်ကြရသည်။ အခုလို ရေဘေးဖြစ်လျှင်တော့ ထွေထွေထူးထူး မဲဆွယ်စရာမလိုတော့။ ရေဘေးကူတာကိုက မဲဆွယ်ပွဲပဲဖြစ်သည်။ ကိုယ့်ပိုက်ဆံနဲ့တောင် မဲဆွယ်စရာမလို။ အစိုးရဖြစ်နေချိန်ဆို အစိုးရပိုက်ဆံနဲ့ မဲဆွယ်ရုံပင်။