03-Feb-2017
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်နယ်သူ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ဆေးခန်းကို ရောက်လာပါတယ်။ နားပေါက်ထဲကို သူမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန် မြွေတစ်ကောင် ဝင်နေလို့ပါ။ မြွေကလည်း ပြန်မထွက်တတ်လို့ တွဲလောင်းဖြစ်နေပါသတဲ့။ အက်ရှ်လေဂါလာဝီဟာ ဘက်တ်လို့ အမည်ပေးထားတဲ့ သူမရဲ့ စပါးကြီးပေါက်မြွေလေး နားထဲဝင်နေတဲ့ပုံကို ဓာတ်ပုံတင်ထားပါတယ်။ ပေါ့လန်း အရေးပေါ်ဌာနမှာ ထိုင်စောင့်တုံးနားမှာ မြွေတန်းလန်းနဲ့ပါ။