News

09-Nov-2016
ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော် ဧရာဟာ အရိုးတီဘီ ရောဂါကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက် အရိုး ဆေးရုံရှိ အဆောင်သစ် ( ပထမထပ်) မှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း ၎င်း၏ သမီးဖြစ်သူ မယမုံခင်က The Voice ကို ပြောကြားပါတယ်။
08-Nov-2016
“မြန်မာပေါကား ဆိုတာ ဟာသကားကို ပြောတာမဟုတ်ဘူးဖြစ်နေတာပေါ့နော်။ ပေါကားဆိုတာ ဖြစ်သလို ရိုက်ပြီး၊ ခပ်ပေါပေါ ဖြစ်နေတဲ့ တန်ဖိုး မရှိတဲ့ ကားမျိုးကို ပြောချင်တာပါ”
07-Nov-2016
အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အောင်မြင်မှုတွေကို ဟိန္ဒူ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေက ချီးကျူးဂုဏ်ပြု အခမ်းအနား လုပ်ပေးခဲ့ပါ တယ်။ အမေရိကမှာ နေထိုင်ကြတဲ့ ဟိန္ဒူရွှေ့ပြောင်းတွေကို ခင်မင်စွာ ဆက်ဆံမှုနဲ့ မွတ်ဆလင်တွေ ပြည်ဝင်ခွင့် ပိတ်မယ် ပြောဆိုမှုတွေကို ကြိုဆိုခဲ့တာ ဖြစ်ပါသတဲ့။ ဟိန္ဒူတပ်မတော်လို့ အမည်ရတဲ့ အဆိုပါ အဖွဲ့အစည်းက ဒေါ်နယ်ထရမ့်ဟာ နိုင်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
07-Nov-2016
လွန်ခဲ့တဲ့ စက်တင်ဘာလပိုင်းကမှ စေ့စပ်ထားကြတဲ့ အဆိုတော် အဒယ်လ်တို့ စုံတွဲဟာ လာမယ့် ခရစ္စမတ် ကာလမှာ အကျဉ်းရုံး လက်ထပ်ဖို့ အစီအစဉ် ရေးဆွဲထားပြီးပြီ ဆိုတဲ့သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။
07-Nov-2016
၂၀၁၆ ခုနှစ်အတွက် MTV ဥရောပ ဂီတ ဆုပေးပွဲကို တနင်္ဂနွေနေ့က ဟော်လန်နိုင်ငံမှာ ကျင်းပခဲ့ရာ ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ လေဒီဂါဂါတို့က ဆုအများဆုံး ဆွတ်ခူးသွားခဲ့ပါတယ်။
07-Nov-2016
ပျော်ရွှင် ရယ်မောခြင်းက လူသား အားလုံးအတွက် ကောင်းမွန်တဲ့ အရာ တစ်ခုလို့ အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းကိုတော့ ကောင်းတဲ့အရာ တစ်ခုအဖြစ် လက်မခံထားကြတဲ့အပြင် ကျန်းမာရေးအတွက်လည်း ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။
07-Nov-2016
အီရတ်နိုင်ငံရှိ ISIS တွေ အခြေစိုက်ရာ မိုဆူးလ်မြို့ကို အီရတ်စစ်တပ်က မြို့သိမ်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ မြို့ထဲက ISIS တွေဟာ အီရတ်စစ်တပ်ကို ပြန်တိုက်ဖို့အတွက် အသေခံခွေးတွေ အကောင် ၆၀၀ လောက်ကို အသုံးပြုမှာ ဖြစ်တယ်လို့ အီရတ်စစ်တပ်မှ အရာရှိတစ်ဦးက ဆိုပါတယ်။ အီရတ်စစ်တပ်က အပူရှာဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာမို့ အသေခံ ISIS တိုက်ခိုက်ရေးသမားတွေ အနီးကို မကပ်နိုင် ဖြစ်နေပါတယ်။
06-Nov-2016
ရောင်စုံမီးတွေနဲ့ အလှဆင်ထားတဲ့ ရထားလုံးတွေ၊ ညဦးပိုင်းကနေ သန်းခေါင်းကျော်အထိ တစ်သင်းပြီးတစ်သင်း ယှဉ်ပြိုင်ကြတဲ့ မီးပုံပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်ဟန်၊ အကမျိုးစုံနဲ့အတူ နိုင်ငံကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကိုပါ ကွင်းထဲမှာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်နေ့ အိမ်ပြန်ချိန်မှာတော့ ဒါတွေက ပြန်ပြီး စားမြုံ့ပြန်ပြောနေကြရမယ့် အကြောင်းအရာတွေ ဖြစ်နေမှပါ။
06-Nov-2016
လက်ချောင်းများပင် အတိုအရှည် ညီမျှမှုရှိအောင် ဖန်တီး မပေးထားပဲ အရာဝတ္ထု တစ်ခုအား ဆုပ်ကိုင်နိုင်အောင် ဖန်တီးထားသည့် သဘာဝ တရား၏ ဖြစ်တည်မှုအောက်မှာ လူသား ကမ္ဘာကြီး တစ်ခုလုံး၏ နေထိုင်ရှင်သန်မှု အချိုးအစား ကွာခြားမှုမှာလည်း ဘယ်သောအခါမှ တူညီမည် မဟုတ်တာ သေချာပါသည်။
06-Nov-2016
ကမ္ဘာ့ရောင်းအား အကောင်းဆုံး လျှို့ဝှက်သည်းဖို စာရေးဆရာကြီး တစ်ဦးဖြစ်တဲ့ စတီဖင် ကင်းရဲ့ နာမည်ကျော် “1922”ဝတ္ထုကို Netflix အင်တာနက်ရုပ်သံ ကုမ္ပဏီကနေ ရုပ်ရှင်အဖြစ် အသက် သွင်းတော့မှာ ဖြစ်ပါတယ်။
06-Nov-2016
မနက်ခင်း အိမ်ကအထွက်မှာ ကိုယ်စီးရမယ့် ဘတ်စ်ကားကို သေချာရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အလုပ်သွား အလုပ်ပြန်၊ ကျောင်းသွား ကျောင်းပြန်အတွက် လိုင်းကားတိုးစီးခြင်းက နိစ္စဓူဝ အလုပ်ဆိုပေမယ့် တစ်နေ့တာလုံး စိတ်သက်သက်သာသာ အလုပ်လုပ်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုယ်စီးတဲ့ကားက လူကျပ်နေမယ်ဆိုရင် စိတ်သက်သောင့်သက်သာ မဖြစ်စေဘဲ ကိုယ့်ရဲ့ တစ်နေ့တာကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။
05-Nov-2016
အင်္ဂလန်မှာ ထူးဆန်းတဲ့ သူခိုး တစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့ သောင်းကျန်းနေပါတယ်။ အကော်ဒီယံတွေကိုပဲ ရွေးခိုးနေတာတဲ့။ အခိုးခံရတဲ့ အကော်ဒီယံတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန် ဒေါ်လာ တစ်သိန်းခြောက်သောင်းလောက် ဖြစ်သွားပါပြီ။
05-Nov-2016
မျက်လှည့်ပညာကို ဝါသနာပါကြတဲ့ ဝါသနာရှင်တွေ၊ မျက်လှည့်ပရိသတ်တွေအတွက် ဖေစ့်ဘွတ်ပေါ်က စာမျက်နှာတစ်ခုကို ပြောပြချင်ပါတယ်။