02-Oct-2016
ပူပြင်းခြောက်သွေ့တဲ့ အညာဒေသမှာ ကျင်းပတဲ့ ဘုရားပွဲတော် ဆိုတာ ပျော်ပွဲရွှင်ပွဲ တစ်ခုတည်းသာ မဟုတ်ပါဘူး။ မီးဖိုချောင်သုံး ပစ္စည်းကနေ အလှကုန်၊ အဝတ်အထည်တွေ သာမက လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေအထိ ဝယ်ယူရောင်းချကြတဲ့ ပွဲဈေးတစ်ခုပါ။ ကုန်းဘောင်မင်းဆက် စတင်ခဲ့ရာ ရွှေဘိုမြို့မှာ တော်သလင်း လပြည့်ကျော် ၁၀ ရက်ကစပြီး လကွယ်နေ့အထိ ကျင်းပခဲ့တဲ့ ရွှေဘိုမြို့ထောင့်စေတီပွဲတော် မြင်ကွင်းအချို့ကို ဖော်ပြလိုက်ရပါတယ်။