POST TYPE

RELAX

မလေးရှားကို လေကြောင်းက ခိုးသွင်းလာတဲ့ လိပ်အကောင် ၃၀ဝ ကျော် ဖမ်းမိ
16-May-2017 tagged as


မလေးရှားလေဆိပ်က အာဏာပိုင်တွေဟာ မျိုးတုံးအန္တရာယ်ရှိ လိပ်မျိုးနွယ် အကောင် ၃၃၀ ကို ခရီးဆောင်အိတ်တွေနဲ့ သယ်လာတာကို ဖမ်းမိခဲ့ပါတယ်။ မဒါဂတ်စကားက ပို့လိုက်တာ ဖြစ်ပြီးတော့ ကျောက်ခဲတွေဆိုပြီး မှားယွင်းစွာ ဖော်ပြထားပါတယ်။ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အရာရှိတွေဟာ မသင်္ကာစရာ ခရီးဆောင်အိတ် ငါးလုံးကို စစ်ကြည့်တဲ့အခါ လိပ်တွေကို တွေ့ရတာပါ။

အဲဒီအိတ်တွေဟာ Etihad လေကြောင်းလိုင်းနဲ့အတူ ပါလာတာ ဖြစ်ပါတယ်။ စုစုပေါင်း လိပ်အကောင် ၃၃၀ ပါဝင်ပြီး အားလုံးဟာ အသက်ရှင်လျက် ရှိပါသတဲ့။ အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂရဲ့ သတ်မှတ်ချက်အရ အဆိုပါ သတ္တဝါတွေဟာ မျိုးတုံးဖို့ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်တဲ့။

ပို့မယ့်လိပ်စာကလည်း အတုဖြစ်နေတာမို့ သားရိုင်း တိရစ္ဆာန် မှောင်ခိုဂိုဏ်းတွေရဲ့ လုပ်ရပ်လို့ ယူဆစရာပါပဲ။

F-02

  • TAGS