News

POST TYPE

RELAX

ချာလီချက်ပလင်လို ဝတ်ဆင်ထားတဲ့လူအုပ်စု ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစား
21-Apr-2017

ချာလီချက်ပလင်ဟာ လူသားသမိုင်းမှာ ပြောစမှတ်ပြု မှတ်တမ်းတင်ရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး ယခုအထိ သူ့မှာ အမာခံ ပရိသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ချာလီချက်ပလင်လို ဝတ်ဆင်ပြီးတော့ လူအုပ်ကြီး စုစည်းခဲ့တဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ရာပေါင်း များစွာသော လူအုပ်ကြီးဟာ ဧပြီလ ၁၆ ရက်နေ့က ချာလီချက်ပလင်ရဲ့ ဇာတ်ရုပ်အတိုင်း ဝတ်ဆင်ပြီး စုစည်းခဲ့တာကို Reuters သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

လူ ၆၆၀ ပါဝင်တဲ့ ကလေး၊ လူကြီး၊ အမျိုးသမီးတွေဟာ ချာလီချက်ပလင် နှုတ်ခမ်းမွှေး၊ ဦးထုပ်နဲ့ လမ်းလျှောက်တုတ်တို့ကို ကိုင်ဆောင်ခဲ့ကြပါတယ်။

အီစတာ ကြက်ဥရှာပွဲအပြီးမှာ ချာလီချက်ပလင်ပွဲကို ဆက်ပြီးတော့ ပျော်ရွှင်စွာ နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီပွဲကို စီစဉ်သူတွေကတော့ ကမ္ဘာ့ချာလီချက်ပလင်ပြတိုက်က ဖြစ်ပါသတဲ့။ ချာလီချက်ပလင်ရဲ့ အသက် ၁၂၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ချာလီချက်ပလင်ရဲ့ လူသားဆန်မှု တန်ဖိုးနဲ့ ခေတ်ပြိုင် သတင်းစကား တန်ဖိုးတွေကို ပြန်လည် အောက်မေ့ကြတာဖြစ်တယ်လို့ ပြတိုက်ဒါရိုက်တာနဲ့ သားဖြစ်သူ ယူဂျင်း ချက်ပလင်က ပြောကြားခဲ့ပါတယ်။

F-02


  • VIA