News

POST TYPE

RELAX

ထိုင်ဝမ် နိုင်ငံရေးသမားတွေရဲ့ဈာပန တိုင်ပတ်အကမယ်တွေ စီတန်းကပြ လှည့်လည်ပို့ဆောင်
09-Jan-2017 tagged as

တရုတ်အင်တာနက် လူမှုကွန်ရက် နယ်ပယ်မှာ ခုတစ်လော လူပြောများနေတာကတော့ ဈာပန အခမ်းအနား တစ်ခု အကြောင်းပါ။ ဖြစ်စဉ်က ထိုင်ဝမ်မှာပါ။ တိုင်ပတ် အကမယ် ၅၀ လောက်က ဂျစ်ကားတွေပေါ်မှာ ကပြဖျော်ဖြေပြီး နာရေးကို လိုက်ပို့တဲ့ပုံတွေက အင်တာနက်ပေါ်မှာ တက်နေပါတယ်။ ပြီးခဲ့တဲ့လက ကွယ်လွန်သွားတဲ့ ဒေသခံ နိုင်ငံရေးသမား တွမ်လျှမ်းဆိုသူရဲ့ ဈာပန ဖြစ်ပါတယ်။ အကမယ်တွေဟာ ဂျစ်ကား ခေါင်မိုးပေါ်ကနေပြီး တိုင်ပတ်အကနဲ့ ဖျော်ဖြေ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေရတာကို ကြိုက်တဲ့ မစ္စတာတွမ်ကို ဂုဏ်ပြုပေးလိုတာ ဖြစ်တယ်လို့ မိသားစုတွေက ပြောကြားထားပါတယ်။ ဂျစ်ကားတွေပေါ်မှာလည်း ကျယ်လောင်တဲ့ ဂီတသံတွေ ဖွင့်ထားပြီးတော့ နယ်မြို့ရဲ့ မြို့လယ်မှာ ယာဉ်ကြောတွေ ပိတ်ဆို့သွားခဲ့ပါတယ်။ ဒရမ်တွေ တီးလာတဲ့ ချီတက် တီးဝိုင်းတွေ၊ ဘင်ခရာ အဖွဲ့တွေ၊ အကအဖွဲ့တွေနဲ့ ဧရာမ အရုပ်ကြီးတွေ ပါဝင်တဲ့ ချီတက်ပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ 

F-02

  • TAGS