News

POST TYPE

RELAX

CCTV ကင်မရာတွေ ရောင်းတဲ့ဆိုင်ကိုမှ ခိုးဖို့ကြံမိတဲ့သူခိုး
09-Jan-2017 tagged as CCTV

သင်ဟာ ဆိုင်တစ်ဆိုင်ဆိုင်ကို ဝင်ရောက် လုယက်တော့မယ်ဆိုရင် ဘယ်လိုဆိုင်မျိုးကိုတော့ ရှောင်မလဲ ဆိုတာ စဉ်းစားကြည့်ပါဦး။ သေနတ်ရောင်းတဲ့ဆိုင်ကိုတော့ ဝင်လုဖြစ်မယ် မထင်ပါဘူး။ စောင့်ကြည့်ကင်မရာ ရောင်းတဲ့ဆိုင်ကိုရော ဝင်ခိုးပါမလား။ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ထောက်လှမ်းရေး၊ စောင့်ကြည့်ရေး ကိရိယာများ ရောင်းတဲ့ဆိုင်ကို ဝင်ခိုးဖောက်ထွင်းတဲ့ကိစ္စ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။ လူတစ်ဦးဟာ ဆိုင်ကမှန်ကို အပြင်ကနေ ကျောက်ခဲနဲ့ ပေါက်ခွဲပြီး ဆိုင်ထဲ ဝင်ရောက် လုယက်ယူငင်ဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

သူခိုးကို ဘက်ပေါင်းစုံက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ ရရှိသွားခဲ့ပါတယ်။ ဒေသဆိုင်ရာ ရဲအရာရှိကြီးကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက် မပေးသေးပါဘူး။ ဆိုင်ကတော့ သူခိုး ဆိုင်ထဲဝင်ဖို့ ဖောက်နေတာတွေကို ဓာတ်ပုံရော၊ ဗီဒီယိုပါ လူမှုကွန်ရက် မီဒီယာပေါ် ဝေဝေဆာဆာ တင်ထားခဲ့ပါတယ်။               

F-02