News

POST TYPE

RELAX

နောက်ကျောဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုးလား
07-Jan-2017


ကိုယ်က သူငယ်ချင်းလို့ ထင်မှတ်ထားသူတွေဟာ တကယ်တမ်းမှာ ကိုယ်ကို ချောက်ချနေတာမျိုး တော်တော်များများ ကြုံတွေ့ကြရတတ်ပါတယ်။ သင့်သူငယ်ချင်းမှာ ဒီအောက်က အချက်တွေ ရှိနေရင် သူဟာ သင့်ရန်သူ မဟုတ်ရင်တောင် သင့်ကို အဆိပ်အတောက် ဖြစ်စေမယ့်သူပါ။

 

() ဒါပေမဲ့ လို့ အမြဲ ပြောလေ့ရှိတယ်

သူ့အနေနဲ့ သင့်ကို ချီးမွမ်းစရာ တစ်ခုခုကြုံလာပြီဆိုပါစို့။ ဥပမာ သင် ကားအသစ် ဝယ်တဲ့အခါ အိမ်ခန်းဆေးသုတ်တဲ့အခါ လခတိုးတဲ့အခါ စသဖြင့်ပေါ့။ အဲဒီအခါတွေမှာ သူက သင့်ကို ချီးမွမ်းစကား ပြောရင် နောက်မှာ ဒါပေမဲ့ ဆိုတာ အမြဲထည့်ထည့်နေပါလိမ့်မယ်။ နင့်ကားက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဈေးက ပေါက်ဈေး မဟုတ်ဘူး။ လခတိုးတာ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တခြားအလုပ်တွေဆို အဲဒီထက်ပိုတိုးမှာ စတဲ့ အပျက်သဘောဆောင်တဲ့ စကားတွေ ပြောတာမျိုးပါ။

 

() သင့်ကိုတစ်ခါမှ အပြင်မခေါ်ဘူး

တကယ်ချစ်တဲ့ သူငယ်ချင်းတွေဆိုတာ ဖုန်းဆက်စကားပြောတာ မက်ဆေ့ချ်နဲ့ ပြောတာတေ ွရှိပေမယ့်လည်း လူချင်း တကူးတက ဆုံတွေ့ကြတတ်ပါတယ်။ သူ သင့်အတွက် အချိန်ပေးတာဟာ သင်က သူ့အတွက် အရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူ့မှာ အရေးကြီးကိစ္စ မဟုတ်တဲ့ လက်သည်းအလှပြင်တာ ပေါင်းတင်တာတွေအတွက် အချိန်ပေးနိုင်ရင် သင့်နဲ့တွေ့ဖို့လည်း အချိန်ပေးသင့်ပါတယ်။

 

() အလုပ်မှာ ဖော်ကောင် လုပ်နေမယ်

အလုပ်ထဲမှာဆို ကိုယ်အခင်ဆုံးသူ ကိုယ်အမြဲတွဲဖြစ်တဲ့သူ တစ်ယောက် ရှိတတ်ကြပါတယ်။ သူက သင့်ရဲ့အလုပ်ကို ထိခိုက်အောင် လုပ်နေသလား အမြတ် ထုတ်နေသလားဆိုတာ သတိထားကြည့်ပါ။ သင်အလုပ် နောက်ကျတဲ့အကြောင်းကို လူအများရှေ့မှာ စသလို နောက်သလိုနဲ့ ပြောနေတတ်တာ သင့်အလုပ်တွေ သင့်ဘာသာသင် နိုင်ရဲ့သားနဲ့ သူက ဝင်လုပ်ပေးပြီး လူရှေ့ရောက်ရင် နာမည်ကောင်း ယူနေတတ်တာဟာ ဖော်ကောင် လုပ်နေတာပါ။

 

() သင့်ရည်းစားဟောင်းနဲ့ အီစီကလီ လုပ်မယ်

သင်နဲ့ သင့်ရည်းစား ပြတ်သွားတဲ့အခါ သူက သင့်ရည်းစားနဲ့ ရုတ်တရက်ကြီး ရောရောထွေးထွေး နေလာမယ်၊ သိပ်ခင်မင်ရင်းနှီးတဲ့ပုံတွေ လုပ်ပြလာမယ်ဆိုရင် သူဟာ စိုးရိမ်ရတဲ့သူပါပဲ။ ဒီလိုနေတာကို သင်မကြိုက်တဲ့အကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ သူက သင့်ရဲ့သူငယ်ချင်းကောင်းဆိုရင် သင်ပြောတာကို နားထောင်မှာပါပဲ။ ခင်မင်ရင်းနှီးတဲ့ မိန်းကလေး သူငယ်ချင်းတွေကြားမှာ မပြောဘဲ နားလည်ရမယ့်အရာ တစ်ခုရှိပါတယ်။ အဲဒါက ကိုယ့်သူငယ်ချင်းကို တကယ် ခင်တယ်ဆိုရင် သူ့ရည်းစားဟောင်းနဲ့ မတွဲဖို့ပါ။

 

() သင့်ရဲ့ ကံမကောင်း အကြောင်းမလှမှုတွေကို ထောက်ပြနေမယ်

သင့်အနေနဲ့ ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတဲ့အခါ သူငယ်ချင်းက စိတ်ဝင်တစားမေးတာဟာ သဘာဝ ကျပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတောင် မေးပုံမေးနည်းချင်း ကွာခြားမှု ရှိပါတယ်။ သူ့ရဲ့ မေးခွန်းတွေမှာ သင့်ကို ပိုအားငယ်စေမယ့် စကား အသုံးအနှုန်းတွေ သင့်အားနည်းချက်တွေကို ထောက်ပြနေတဲ့အချက်တွေ ပါနေတယ်ဆိုရင် သူသင့်ကို တကယ်စိတ်ရင်းနဲ့ ဂရုမစိုက်တာ ဖြစ်နိုင်ပါတယ်။

 

Ref : rd.com



  • VIA