News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
05-Jan-2017

ဘောလုံးပွဲဆိုရင်တော့ လူတော်တော်များများ၊ အထူးသဖြင့် အမျိုးသားတွေက စိတ်ဝင်စားကြမယ် ထင်ပါတယ်။

ပြည်တွင်းက လိဂ်ပွဲတွေ၊ နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွေ၊ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လာလီဂါစတဲ့ နိုင်ငံတကာ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေ အစရှိသဖြင့် သူ့အချိန်နဲ့သူ ပွဲစဉ်တွေ ရှိပါတယ်။

အဲဒီလို ဘောလုံးပွဲတွေရဲ့ နောက်ဆုံးရ သတင်းတွေ၊ ဘောလုံးသမားတွေရဲ့ အကြောင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခုပါ။

SportMyanmar ဆိုတဲ့ စာမျက်နှာပဲဖြစ်ပါတယ်။

ဒီစာမျက်နှာမှာ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ သာမက သတင်းတိုတွေ၊ ကာတွန်းတွေ၊ သတင်းဓာတ်ပုံတွေ၊ ပွဲကြို ခန့်မှန်းချက်တွေ၊ ပွဲရလဒ်တွေကိုပါ စုစည်းဖော်ပြ ပေးထားလို့ ဘောလုံးပရိသတ်တွေအတွက် ညွှန်းပေးလိုက်ပါတယ်။

ဒီစာမျက်နှာကို သွားချင်တယ်ဆိုရင်တော့ Search Box မှာ SportMyanmar လို့ ရိုက်ရှာလို့ရတဲ့အပြင် https://www.facebook.com/SportsMyanmarmedia/?fref=ts ဆိုတဲ့ လင့်ကနေ တစ်ဆင့်လည်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။



  • VIA