News

POST TYPE

RELAX

အဝလွန်ဖခင်ရှိတဲ့ ကလေးတွေမှာ ကိုယ်ရည်ကိုယ်သွေး ထိခိုက်နိုင်သတဲ့
04-Jan-2017
မူကြိုကျောင်းမှာဖြစ်စေ၊ ကျောင်းတွေမှာဖြစ်စေ ကလေးတွေရဲ့ မိတ်ဆွေဖွဲ့နိုင်မှု ကိုယ်ရည်ကိုယ်သွေးဟာ ဖခင်ရဲ့ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်တယ်လို့ လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ အဝလွန်နေတဲ့ မိဘတွေကြောင့် ကလေးငယ်တွေရဲ့ သုံးနှစ်အရွယ်မှာ ဖွံ့ဖြိုးမှု နှေးကွေးတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူတွေက အဝလွန်တဲ့အခါ ကလေးတွေရဲ့ အရာဝတ္တုတွေကို ထိန်းကျောင်းနေရာချနိုင်တဲ့ ကျွမ်းကျင်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ မိခင်က မဝပေမယ့် ဖခင်ကဝတဲ့အခါ ကလေးတွေရဲ့ လူမှုရေး ဝင်ဆန့်မှုကို ထိခိုက်တတ်ပါတယ်လို့ ဆိုပါတယ်။ ဖခင်ရဲ့ ကိုယ်အလေးချိန်ဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအပေါ် ဘယ်လို ထိခိုက်တတ်တယ်ဆိုတာကို ပထမဆုံး လေ့လာခဲ့တာ ဖြစ်ပါတယ်။

“အရင်ကလည်း မိခင်ရဲ့ ကိုယ်ဝန် မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်ပြီး ကိုယ်အလေးချိန်ကို ဦးတည်လေ့လာခဲ့ပါတယ်”လို့ အမျိုးသားကျန်းမာရေး၊ ပြည်သူ့ရေးရာကျန်းမာရေး သုတေသန အင်စတီကျုရဲ့ ဒေါက်တာ အက်ဒ်ဝင်နာယန်းက ပြောထားပါတယ်။

သူတို့ရဲ့ လေ့လာချက်တွေဟာ ဖခင်ကို ဦးတည်လေ့လာတာ နည်းခဲ့ပြီး၊ ယခုအခါ ဖခင်ရဲ့ ကိုယ်အလေးချိန်ဟာလည်း ကလေးအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ သက်သေပြခဲ့ပြီလို့ ဆိုထားပါတယ်။

Ref : UPI 
F-02


  • VIA