News

POST TYPE

RELAX

အသက် ၅၀ အရွယ်မှာ ပထမဆုံး သားဦးလေးကို ဂျက်နက်ဂျက်ဆင် အောင်အောင်မြင်မြင်မွေးဖွား
04-Jan-2017

ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်လ် ဂျက်ဆင်ရဲ့ ညီမဖြစ်သူ ဂျက်နက်ဂျက်ဆင်ဟာ အသက် ၅၀ အရွယ်မှာ ပထမဆုံး သားဦးလေးကို မနေ့တုန်းက အောင်အောင်မြင်မြင် မွေးဖွားလိုက်နိုင်ပါတယ်။

ဂျက်နက်ဂျက်ဆင်နဲ့ သူမရဲ့ခင်ပွန်း ကာတာလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဝဝ်ဆမ်အယ်လ်မာနာတို့က သူတို့ရဲ့ သားလေးကို အိဆာအယ်လ်မာနာလို့ အမည်ပေးခဲ့ကြပြီး သားဦးလေး မွေးဖွားနိုင်ခဲ့တဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေကြတယ်လို့ ဂျက်နက်ဂျက်ဆင်ရဲ့ ကိုယ်စားလှယ်တွေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျက်နက်ဂျက်ဆင်ဟာ အခက်အခဲ မရှိ မွေးဖွားနိုင်ခဲ့ပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်။

ဂျက်နက်ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းက ကိုယ်ဝန်ရသွားခဲ့တာကြောင့် သူမရဲ့ Unbreakable ဖျော်ဖြေရေး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂျက်နက်ဂျက်ဆင်ဟာ သူမရဲ့ လက်ရှိခင်ပွန်း အယ်လ်မာနာနဲ့ ၂၀၁၂ ခုနှစ်တုန်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။


Ref : BBC



  • VIA