News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
15-Dec-2016

စာဖတ်ဖို့အတွက်တော့ စိတ်ဝင်စား ဝါသနာပါကြပါရဲ့။ ကိုယ့်မြို့ ကိုယ့်နယ်မှာ စာအုပ်ဝယ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုရင်တော့ ခုပြောပြပေမယ့် စာမျက်နှာက အသုံးဝင်စေမှာပါ။

Book-Shelf (စာအုပ်စင်) ဆိုတဲ့ စာမျက်နှာလေးပါ။

ဒီစာမျက်နှာကလည်း စာအုပ်တွေရဲ့ PDF ဖိုင်တွေ တင်တဲ့ စာမျက်နှာတွေလို စာအုပ် တော်တော်များများရဲ့ PDF ဖိုင်တွေကို ဒေါင်းလုပ် ရယူနိုင်တဲ့ စာမျက်နှာ တစ်ခုပါ။

ဒါပေမဲ့ ဒီစာမျက်နှာမှာ စာပေနဲ့ သက်ဆိုင်တဲ့ သတင်းတိုတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေထဲက ကောက်နုတ်ထားတဲ့ စာစုတွေကိုလည်း ဖော်ပြထားပါတယ်။

နောက်ပြီး ဒီစာမျက်နှာမှာတင်တဲ့ စာအုပ်တွေက ရသစာအုပ်တွေအပြင် ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ၊ ပညာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ အခြေခံကျောင်းသားတွေအတွက် လေ့ကျင့်ခန်း စာအုပ်တွေကိုပါ စုစည်းဖော်ပြ ပေးထားတာပါ။

အခြေခံ ကျောင်းသားတွေအတွက် လေ့ကျင့်ခန်း စာအုပ်တွေမှာပါတဲ့ လေ့ကျင့်ခန်းတွေကိုလည်း Android ဖုန်း၊ Tablet တွေနဲ့ လေ့ကျင့်နိုင်ဖို့ စီစဉ်ပေးထားပါသေးတယ်။

ပညာရပ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြထားတဲ့အပြင် စမ်းသပ် လုပ်ဆောင်ပြီး အခက်အခဲ ရှိရင်လည်း ပြန်လည် မေးမြန်းနိုင်တယ်လို့ ဆိုတာမို့ ဒီစာမျက်နှာလေးကို ပြောပြလိုက်တာပါ။

Search Box မှာ ရိုက်ရှာနိုင်တဲ့အပြင် www.facebook.com/Book-Shelf-စာအုပ်စင်-165465370210917/ ကနေ တစ်ဆင့်လည်း သွားရောက်နိုင်ပါတယ်။


  • VIA