News

POST TYPE

RELAX

အရပ်ရှည်ဖြည့်စွက် အာဟာရ Height XL က ခရစ္စမတ်နှင့် နှစ်သစ်ကူး အထူးပရိုမိုးရှင်းကို ရန်ကုန်နှင့် နေပြည်တော်မှာ ပြုလုပ်
15-Dec-2016


အမေရိကန်နိုင်ငံထုတ် Height XL အရပ်ရှည်ဖြည့်စွက် အာဟာရကို ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပရိုမိုးရှင်းအဖြစ် အထူးလျှော့ဈေးနဲ့ ရောင်းချမယ်လို့ Height XL ကို မြန်မာပြည်မှာ တရားဝင် တင်သွင်း ဖြန့်ချိလျက်ရှိတဲ့ Htut Myat ကုမ္ပဏီရဲ့ ကြေညာချက်အရ သိရပါတယ်။

 

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၆၊ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ဒဂုံစင်တာ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သမိုင်းလမ်းဆုံ City Mart Height XL အရပ်ရှည်ဖြည့်စွက် အာဟာရကို ၁၀ ရာခိုင်နှုန်း အထူးလျှော့ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

နေပြည်တော်မှာတော့ ဒီဇင်ဘာလ၊ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ၁၀ ရာခိုင်နှုန်း အထူး လျှော့ဈေးနဲ့ ရောင်းချသွားမှာပါ။

 

Height XL ဟာ ဆယ်ကျော်သက်တွေကို ပိုမိုမြင့်မားတဲ့ အရပ်မျိုး ပိုင်ဆိုင်ဖို့ ကူညီနိုင်သလို သက်လတ်ပိုင်းအရွယ်တွေကိုလည်း ရှိရင်းစွဲ အရပ်ထက် ပိုမြင့်မားလာအောင် စွမ်းဆောင် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Height XL မှာ အစွမ်းထက် သဘာဝ အဟာရတွေ ပါဝင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Human Growth Hormone တွေကို သဘာဝအတိုင်း ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ Pituitary gland တွေ အားကောင်းလာအောင် အဓိက စွမ်းဆောင်ပေးတာကြောင့် အရိုးတွေ၊ ကြွက်သားတွေနဲ့ အရိုးတစ်ခုနဲ့တစ်ခုကြားမှာရှိ Cartilage လို့ခေါ်တဲ့ အရွတ်တွေကို သန်မာထွားကြိုင်းစေကာ ရှိရင်းစွဲ အရပ်ထက် ပိုမိုမြင့်မားလာစေတာလို့ Htut Myat ကုမ္ပဏီက ကြေညာထားပါတယ်။

 

Height XL ကို နေ့စဉ် ပုံမှန် သောက်သုံးပေးရင် ၃ လမှ ၆ လအတွင်း ပတ်ဝန်းကျင်က သတိထားမိလာလောက်တဲ့အထိ သိသိသာသာ အရပ်မြင့်မားလာစေမယ်လို့လည်း ဆေးအညွှန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ Height XL ကို အသက် ၁၃ နှစ်ကနေ ၃၀ အတွင်း အရွယ်တွေ သောက်သုံးနိုင်တယ်လို့လည်း ဆိုထားပါတယ်။

 

Height XL ဆေးအကြောင်း အသေးစိတ် အချက်အလက်တွေကို Height XL မြန်မာရဲ့ Facebook Page => https://www.facebook.com/Height-XL-Myanmar-1810709162490110/?fref=ts  မှာသွားရောက်ကြည့် ရှုနိုင်ပါတယ်။



  • VIA