News

POST TYPE

RELAX

ခရီးထွက်ဖို့ ထုတ်ပိုးရာမှာ သတိပြုစရာ
14-Dec-2016


(၁) အရည်များကို လုံအောင် မထုပ်ပိုးခြင်း

အရည်တွေနဲ့ ဆီတွေ ယူဆောင်သွားတဲ့အခါ သေသေချာချာ လုံအောင် ဖုံးပိတ်ပါ။ ခေါင်းလျှော်ရည် အနည်းငယ်ကြောင့် သင့်ရဲ့ တခြားပစ္စည်းတွေ စွန်းပေသွားမယ်ဆိုရင် သင့်ရဲ့ ခရီးစဉ်ဟာ ပျော်သင့်သလောက် ပျော်စရာ မကောင်းဘဲ ရှိပါလိမ့်မယ်။

(၂) မလိုအပ်တဲ့ အပိုတွေကိုပါ ယူခြင်း

လိုလိုမယ်မယ် ယူလာတာတွေ များတဲ့အခါ သင့်ရဲ့ အထုတ်အပိုးတွေဟာ ဖောင်းပွပြီး သယ်ဆောင်တဲ့အခါ အခက်အခဲ ရှိပါလိမ့်မယ်။ အသေးအမွှားလေးတွေကအစ လိုက်ထည့်ယူဖို့ မလိုအပ်ပါဘူး။

(၃) ရာသီဥတုကို ထည့်မစဉ်းစားခြင်း

ကိုယ်သွားမယ့်ဒေသရဲ့ ရာသီဥတု အခြေအနေကို ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ ဥပမာ ပူတဲ့နေရာကို သွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါး အဝတ်အစား အသုံးအဆောင်တွေ လိုမှာဖြစ်သလို အေးတဲ့နေရာ ဆိုရင်လည်း အနွေးထည်တွေ ပုဝါတွေလိုမှာပါ။

(၄) ထုပ်ပိုးဖို့ အံဝင်ခွင်ကျ မဖြစ်ခြင်း

အိတ်တစ်အိတ်ရဲ့ အများဆုံးဆံ့တဲ့ ပမာဏအထိ အပြည့်အဝ ထည့်နိုင်ဖို့ ထုပ်ပိုးတဲ့နေရာမှာ စနစ်ကျဖို့ လိုအပ်ပါတယ်။ အဝတ်အစားတွေဆိုရင် လိပ်ပြီး ထည့်ထားက ခေါက်ထည့်တာထက် ပိုဆန့်ပါတယ်။

(၅) ဖိနပ်များကို သေချာ မထုပ်ခြင်း

ဖြစ်နိုင်ရင် ဖိနပ်ထည့်တဲ့ အိတ်နဲ့ထည့်ပါ။ တကယ်လို့ မရှိရင် ရှူးဖိနပ်လို အလေးချိန်စီးတဲ့ ဖိနပ်မျိုးတွေကို အိတ်ရဲ့ အောက်ဆုံးမှာ ထားပါ။ ဖိနပ်အောက်ခြေကို အဝတ်အစားတွေနဲ့ ဆန်ကျင်ဖက်ကို မျက်နှာမူထားပါ။

(၆) အိတ်အသေး မယူခြင်း

လက်ပွေ့အိတ် စလင်းဘက်အိတ် စတဲ့ ပေါ့ပေါ့ပါးပါး လွယ်နိုင်မယ့် အိတ်တစ်အိတ်လောက် ယူဖို့ မမေ့ပါနဲ့။ လည်ကြပတ်ကြတဲ့အခါမှာ အဲဒီအိတ်ထဲကို ရေဘူး၊ ထီး၊ ပိုက်ဆံအိတ်တွေ ထည့်ယူနိုင်သလို အမှတ်တရ လက်ဆောင်လေးတွေလည်း ထည့်ယူဖို့ အသုံး တည့်ပါလိမ့်မယ်။

(၇) သွားခါနီးကျမှ ပစ္စည်းထည့်ခြင်း

သွားခါနီးကျမှ ပစ္စည်းတွေ ထည့်မယ်ဆိုရင် လိုအပ်တာတွေ မေ့ကျန်ခဲ့ဖို့ များသလို ထုတ်ပိုးပုံလည်း သေသေသပ်သပ် ရှိမှာ မဟုတ်ပါဘူး။

Ref : motto.com

  • VIA