News

POST TYPE

RELAX

ပူတင်အတွက် ဂျပန်ဝန်ကြီးချုပ်ရဲ့ လက်ဆောင် ခွေးကို ရုရှားက ငြင်းဆန်
13-Dec-2016

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ခွေးချစ်တတ်တဲ့ ရုရှားသမ္မတကြီးအတွက် လက်ဆောင်အဖြစ် ပေးမယ့်ခွေးကို လက်မခံလိုကြောင်း ရုရှားဘက်က အကြောင်းပြချက် ပေးခဲ့ပါတယ်။ ဂျပန်အာကီတာ ခွေးမျိုးကို ရုရှားဘက်က ဘာဖြစ်လို့ လက်မခံသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း ဂျပန်အစိုးရဟာ ရုရှားသမ္မတအတွက် အဲဒီခွေးအမျိုးအစား အမလေး တစ်ကောင် လက်ဆောင် ပေးခဲ့ဖူးပါတယ်။ ခုပေးမယ့် ခွေးကတော့ ခွေးထီးလေး ဖြစ်ပြီးတော့ အရင် ပေးထားတဲ့ ခွေးမလေး ယုမီနဲ့ တူနှစ်ဖြာ ရွှေဂဟေဆက်လိုကလည်း ဆက်နိုင်အောင် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဘက်က ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ဂျပန် ဥပဒေပြုအမတ် တစ်ဦးက ဆိုပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ မစ္စတာ အာဘေးနဲ့ မစ္စတာ ပူတင်တို့ တွေ့ဆုံကြဖို့ရှိပြီးတော့ လုံခြုံရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်မှာပါတဲ့။ ကရိုင်းမီးယားကို ရုရှားက ဝင်ရောက် ကျူးကျော်ခဲ့ပြီးတဲ့နောက် ရပ်တန့်ထားတဲ့ နှစ်နိုင်ငံ ပူးတွဲ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကိုလည်း စနိုင်အောင် ဖြစ်ပါသတဲ့။ ရုရှားသမ္မတဟာ တိရစ္ဆာန် ချစ်တတ်သူ တစ်ဦးအဖြစ် နာမည်ကျော်ပြီး မြင်းစီးနေပုံတွေ၊ လင်းပိုင်တွေနဲ့ ရေကူးနေပုံတွေ၊ ကျားသစ်နဲ့ ပွေ့ဖက်နေပုံတွေ စတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။  

Ref : UPI 
F-02

  • VIA