News

POST TYPE

RELAX

၂၀၁၆ ခုနှစ်အတွက် BBC ဂီတ ဆုပေးပွဲရဲ့ အဓိကဆုကြီး ၂ ဆုကို အဒဲလ်သိမ်း ပိုက်
13-Dec-2016
နာမည်ကျော် ဗြိတိသျှ အမျိုးသမီး အဆိုတော် အဒဲလ်ဟာ ယခုနှစ်အတွက် BBC ဂီတဆုပေးပွဲရဲ့ အဓိကဆုကြီး ၂ ဆုကို သိမ်းပိုက် သွားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ အဒဲလ်ဟာ မနေ့ညက ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး သီချင်းဆုနဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆုတို့ကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

အဒဲလ်ဟာ Hello သီချင်းနဲ့ အကောင်းဆုံး သီချင်းဆု ချီးမြှင့်ခံခဲ့ရပြီး 25 အယ်လ်ဘမ်နဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိခဲ့တာပါ။

အဒဲလ်ဟာ အဲဒီလို BBC ဂီတဆုပေးပွဲရဲ့ အဓိကဆုကြီး ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဆုပေးပွဲကိုတော့ ကိုယ်တိုင် တက်ရောက် လက်ခံရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

သူမအနေနဲ့ အင်္ဂလန်ပြင်ပကို ရောက်ရှိနေတဲ့အတွက် ဆုပေးပွဲကို မတက်နိုင်တဲ့အပေါ် အလွန် ဝမ်းနည်းမိကြောင်းနဲ့ မွေးရပ်မြေကို အမြန်ဆုံး ပြန်လာချင်နေပြီဖြစ်ကြောင်း အဒဲလ်က ဆုရရှိတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပေးပို့တဲ့ မက်ဆေ့ချ်မှာ အဒဲလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ref : contactmusic.com


  • VIA