News

POST TYPE

RELAX

အသက် ၈၉ နှစ်အရွယ် ဗြိတိန်စစ်ပြန်ကြီး ပျင်းလို့ အလုပ်ရှာ၊ စားသောက်ဆိုင်မှာ အလုပ်ရပြီ
12-Dec-2016
အငြိမ်းစား ယူပြီးတဲ့အခါ ဘာလုပ်ရမှန်း မသိဘဲ ထိုင်နေရတာ တချို့အတွက် အဆင်မပြေပါဘူး။ ဗြိတိန်က စစ်ပြန်ကြီး တစ်ယောက်ကလည်း အလားတူပါပဲ။ အသက် ၈၉ နှစ်အရွယ် ရောက်နေပေမယ့် အလုပ် လုပ်ချင်ပါတယ်ဆိုပြီး သတင်းစာထဲ ထည့်ကြော်ငြာခဲ့ပါတယ်။ အဲဒီသတင်းက ဗြိတိန်တစ်ဝန်းမှာ သတင်းမီဒီယာပေါင်း များစွာက အလုအယက် ဖော်ပြခဲ့ကြပါတယ်။ အင်္ဂလန် အနောက်တောင်ပိုင်း ပိုင်တန်မြို့က ကမ်းခြေစားသောက်ဆိုင် Cantina Kitchen & Bar က အဆိုပါ အမျိုးသားကြီးကို အလုပ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မစ္စတာ ဂျိုးဘတ်လေဟာ စတင် အလုပ် ဝင်နေပြီ ဖြစ်ပါတယ်။ မုဆိုးဖို စစ်ပြန်ကြီးဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ဇနီးသည် ကွယ်လွန်သွားပြီးနောက်မှာ ပျင်းလွန်းလို့ ကြော်ငြာထည့်ပြီး အလုပ်ရှာတာ ဖြစ်ပါတယ်။ အိမ်နီးချင်းတွေ ရှိပေမယ့် အိမ်မှာ စကားပြောစရာလူ မရှိလို့ ခုလိုမျိုး အလုပ် ရှာရတာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။ ဒေသခံ စားသောက်ဆိုင် တစ်ဆိုင်က အလုပ်ပေးခဲ့ပြီး လက်ခုပ်တီးပြီး ကြိုဆိုခဲ့ပါတယ်။ ခုအခါ လူအများက ဝိုင်းဝန်း အာရုံစိုက်နေကြတာမို့ မကြာခင် အလုပ်ကိုပဲ စိတ်နှစ်လုပ်သွားမှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

Ref:UPI
F-02


  • VIA