POST TYPE

RELAX

မိမိတို့ ကလေးများအကြောင်း လူမှုကွန်ရက်ပေါ်သို့ တင်ရာတွင် သတိပြုရန်လို
11-Dec-2016


မိဘတွေဟာ သူတို့ ကလေးတွေရဲ့ ဓာတ်ပုံတွေ အကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ် တင်တဲ့ နေရာမှာ သတိပြု ဆင်ခြင်သင့်တယ်လို့ အမေရိကန် ကလေး အထူးကု ဆရာဝန်များအဖွဲ့ရဲ့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။

American Academy of Pediatrics ရဲ့ ၂၀၁၆ ခုနှစ် အမျိုးသား ညီလာခံအတွက် ထုတ်ဝေခဲ့တဲ့ သုတေသန အစီရင်ခံစာထဲမှာ နှစ်နှစ်သား ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အွန်လိုင်းပေါ်မှာ ဖော်ပြခံရပြီး ဖြစ်သလို ဒီကလေးတွေရဲ့ သုံးပုံ တစ်ပုံလောက်ဟာဆိုရင် မွေးပြီး ၂၄ နာရီ မပြည့်ခင်ကတည်းက သူတို့အကြောင်းအရာတွေ အွန်လိုင်းပေါ် ရောက်နေပြီလို့ ဆိုထားပါတယ်။

အဲဒါကြောင့် ကလေးတွေရဲ့ လုံခြုံရေးအတွက် သူတို့ အကြောင်းအရာတွေကို လှုမှုကွန်ရက်တွေပေါ် သတိနဲ့တင်သင့်ပြီး နေရပ်လိပ်စာနဲ့ ရောက်နေတဲ့ နေရာတွေကိုတော့ ဘယ်တော့မှ မတင်သင့်ဘူးလို့ အဖွဲ့က အကြံပေးထားပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးအတွက် သူတို့ အကြောင်းအရာတွေ ဓာတ်ပုံတွေကို တင်တဲ့အခါ သူတို့ သဘောတူညီချက်နဲ့ သူတို့ကိုယ်တိုင် ပြင်ဆင်တည်းဖြတ်ခွင့် ပေးသင့်တယ်လို့လည်း အကြံပေးထားပါတယ်။

ဒါ့အပြင် မိဘတွေဟာ သားသမီးတွေကို လူမှုကွန်ရက် အသုံးပြုတာ လျှော့ဖို့ မကြာခဏ သတိပေးလေ့ ရှိကြပေမယ့် သူတို့ကိုယ်တိုင် တင်နေတတ်တာကိုတော့ သတိ မပြုမိကြဘူးလို့ အစီရင်ခံစာကို ပါဝင် ရေးသားခဲ့သူ ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ် ကလေးအထူးကုဌာနရဲ့ လက်ထောက်ပါမောက္ခ ဘာဟာရာကိသ်က ဆိုပါတယ်။

Ref : Time

  • VIA