News

POST TYPE

RELAX

ဂျပန်ကခရစ္စမတ်ပွဲမှာ ပင်ဂွင်ငှက်တွေ စန်တာကလော့စ်ဝတ်စုံနဲ့ ချီတက်
10-Dec-2016
ဂျပန်ကပန်းခြံ တစ်ခုမှာ လုပ်တဲ့ ခရစ္စမတ်ပွဲတော်က ထူးခြားလှတဲ့ မြင်ကွင်း တစ်ခုကို ဂျာမနီသား တစ်ဦးက ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။

ဒါကတော့ စန်တာကလော့စ်လို ဝတ်ဆင်ထားတဲ့ ပင်ဂွင်ငှက်တွေ ချီတက် လမ်းလျှောက်လာတာပဲ ဖြစ်ပါတယ်။

အဲဒီ ဂျာမန် အမျိုးသားဟာ ဂျပန် နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး Amazing Japan ဆိုတဲ့ အင်တာနက် စာမျက်နှာကို ထူထောင်ထားသူ ဖြစ်ပါတယ်။

ပင်ဂွင်ငှက် ခြောက်ကောင်ဟာ ခရစ္စမတ် ဘိုးဘိုးကြီးပုံစံ ဝတ်စားထားပြီး ခေါင်းလောင်းလေးတွေ ဆင်မြန်းထားပုံ ဗီဒီယိုကို ရိုက်ကူး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပင်ဂွင်တွေကို ဝန်ထမ်း တစ်ဦးက ထိန်းကျောင်းကာ ချီတက်လာတာ ဖြစ်ပြီး ကြည့်ရှုနေသူတွေက သဘောကျကြပါတယ်။ ပင်ဂွင် တစ်ကောင်က ထွက်ပြေး သွားခဲ့ပေမယ့် သူ့ကို ပြန်လည်မောင်းပြီး ချီတက်နေတဲ့ ရဲဘော် ရဲဘက်တွေထဲ ပြန်လည် ပါဝင်စေခဲ့ပါတယ်။

Ref : UPI
F-02


  • VIA