News

POST TYPE

RELAX

မိခင်ကောင်း တစ်ယောက် ဖြစ်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုဟု Woman Of The Year ဆုရ မက်ဒေါနားပြော
10-Dec-2016


၂၀၁၆ ခုနှစ်အတွက် Billboard မဂ္ဂဇင်းကြီးက ချီးမြှင့်တဲ့ Women Of The Year ဆုကို ပေါ့ပ်အဆိုတော် မက်ဒေါနားက သောကြာနေ့က ရရှိသွားခဲ့ပါတယ်။

အဲဒီဆုကို လက်ခံ ရယူစဉ်မှာ မက်ဒေါနားက သူမ ဘဝအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲမှာ မိခင်ကောင်း တစ်ယောက် ဖြစ်ရေးလည်း ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အတွင်း သူမအတွက် အကြီးမားဆုံး ပြီးမြောက် အောင်မြင်မှုက သူမရဲ့ ဖျော်ဖြေရေး ခရီးစဉ် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မိခင်ကောင်း တစ်ယောက်ဖြစ်ရေးကတော့ သူမဘဝရဲ့ တစ်သက်တာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဒေါနားဟာ ကလေး လေးယောက်ရဲ့မိခင် ဖြစ်ပြီး ယခုနှစ် မတ်လထဲတုန်းက သူမရဲ့ Rebel Heart ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်။

Ref : CNA

  • VIA