News

POST TYPE

RELAX

Facebook ပေါ်မှာဖတ်စရာ
10-Dec-2016


အသုံးအဆောင် ပစ္စည်းတွေကို ဝယ်သုံးရတာမျိုး မဟုတ်ဘဲ ကိုယ်တိုင် တီထွင် ဖန်တီးပြီး သုံးရတာကိုမှ သဘောကျကြတဲ့ သူတွေလည်း ရှိပါတယ်။

အဲ့ဒီလို ကိုယ်တိုင်တော့ ဖန်တီးချင်ပါရဲ့၊ ဘယ်လိုလုပ်ရမှန်းမသိ၊ ဘယ်ကစလုပ်ရမှန်းမသိ ဖြစ်နေတာမျိုးလည်း ကြုံဖူးကြမှာပါ။

ခုပြောချင်တာကတော့ အဲ့ဒီလို ဟန်းမိတ် ပစ္စည်းလေးတွေကို ဘယ်လို လုပ်ရတယ်ဆိုတာမျိုး ပြောပြထားတဲ့ စာမျက်နှာ တစ်ခုပါ။

မဝတ်ဖြစ်တော့တဲ့ ဂျင်းထည်တွေနဲ့ လက်ပတ်လုပ်နည်းတွေကနေအစ ပန်းအိုးအကွဲတွေကို အလှဆင်နည်းတွေအလယ် အိမ်သုံးပစ္စည်းတွေကို ဖန်တီးတာအဆုံး တစ်ခုချင်းကို ရှင်းရှင်းလင်းလင်းနဲ့ ဓာတ်ပုံ တစ်ပုံချင်းအလိုက် နည်းလမ်းတွေ ပြောပြထားတာမို့ ကိုယ်တိုင် လိုက်လုပ်ချင်သူတွေအတွက် အကြိုက် တွေ့စေနိုင်မှာပါ။

ဒီစာမျက်နှာမှာ တင်ထားတဲ့ ပို့စ်တွေက သူကိုယ်တိုင် ရေးသားပြီး တင်တာလည်း ရှိသလို တချို့ ပို့စ်တွေဆိုရင် တခြား စာမျက်နှာတွေကနေ ပြန်လည် ဝေမျှထားတာပါ။

ကိုယ်တိုင် တီထွင် ဖန်တီးချင်တဲ့သူတွေအတွက် ဖန်တီးပုံ နည်းလမ်းတွေတင်မကဘဲ တခြား စိတ်ဝင်စားစရာတွေကိုလည်း ဝေမျှပေးထားတဲ့ စာမျက်နှာတစ်ခုပါ။ Search Box ထဲမှာ H'Factory လို့ ရိုက်လိုက်တာနဲ့ အဲ့ဒီစာမျက်နှာ ကျလာပါလိမ့်မယ်။
 
အဲ့ဒီလို မဟုတ်ဘဲ https://www.facebook.com/handmadeFactoryNo.1/ ဆိုတဲ့ လင့်ကနေတစ်ဆင့်လည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။


  • VIA