News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
06-Dec-2016
အလုပ်တစ်ဖက်နဲ့ အဝေးသင် တက်နေတဲ့သူတွေ၊ အဝေးသင် တက်ရင်း တခြား ကိုယ်စိတ်ဝင်စားတဲ့ သင်တန်း တက်နေကြတဲ့ သူတွေလည်း အများအပြား ရှိကြပါတယ်။ တက္ကသိုလ် တော်တော်များများကလည်း မြို့ပြင်လို သွားရလာရ ခက်တဲ့နေရာတွေမှာ ရှိကြပါတယ်။

ဒီတော့ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေကြတဲ့သူတွေ အနေနဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို စုံစမ်းဖို့အတွက် ကျောင်းကို တစ်ခါသွားဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။

ဒါပေမဲ့ ဒီလို မလွယ်ဘူးဆိုတာ အရင်က ဆက်သွယ်ရေး ခက်ခဲတဲ့အချိန်တွေတုန်းကပါ။ ခုချိန်လို လူတိုင်းနီးပါးဖုန်းကိုင်လာနိုင်တဲ့အခြေအနေမျိုးမှာ သတင်းအချက်အလက်တွေ သိဖို့ဆိုတာကလည်း လွယ်ကူလာပါပြီ။

ဟုတ်ပါတယ်။ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေစ်ဘုတ်ကို အသုံးပြုနေကြတဲ့သူတွေအတွက် ပိုတောင်လွယ်ကူပါသေးတယ်။ ဖေစ်ဘုတ် စာမျက်နှာရဲ့ Search Box မှာ “အဝေးသင်နှင့် သက်ဆိုင်သော” လို့ ရိုက်ထည့်လိုက်ပါ။ စာမျက်နှာ တစ်ခု ကျလာပါလိမ့်မယ်။

အဲ့ဒီစာမျက်နှာက အဝေးသင် တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တော်တော်များများကို ဝေမျှပေးနေတဲ့ စာမျက်နှာတစ်ခုပါ။ တစ်နိုင်ငံလုံးက အဝေးသင် တက္ကသိုလ်တွေရဲ့ သတင်း အချက်အလက်တွေကို လက်လှမ်းမီသလောက် စုစည်းပေးပြီး ပြန်ဝေမျှပေးနေတာပါ။ ဒါ့ကြောင့် အလုပ် မအားလို့ ကျောင်းအထိ သတင်း အချက်အလက် စုံစမ်းဖို့ မသွားနိုင်ကြတဲ့ သူတွေအတွက်တော့ အဆင်ပြေစေမှာမို့ ပြောပြလိုက်တာပါ။

တကယ်လို့ ကိုယ်က တစ်ခုခုသိချင်တာမျိုးရှိရင်လည်း အဲ့ဒီစာမျက်နှာမှာ မေးလို့ ရပါသေးတယ်။ Admin တွေက ကိုယ်မေးထားတဲ့ မေးခွန်းကို မဖြေနိုင်ရင်တောင် တခြားသိတဲ့သူတွေက လာဖြေပေးလေ့ ရှိပါတယ်။

ဒါ့အပြင် မကြာခင် ထွက်ရှိတော့မယ့် အဝေးသင် တက္ကသိုလ်တွေက အောင်စာရင်းကိုလည်း လက်လှမ်းမီသမျှ တင်ပေးသွားမယ်လို့ ဆိုထားတာမို့ ကိုယ်တိုင် သွားမကြည့်နိုင်ကြတဲ့ အဝေးသင် ကျောင်းသားတွေ အနေနဲ့ ဒီစာမျက်နှာလေးမှာ သွားကြည့်နိုင်ပါတယ်။

https://www.facebook.com/mydeg.mm/?fref=ts  ဆိုတဲ့ လင့်ကနေလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။


  • VIA