News

POST TYPE

RELAX

မြန်မာနိုင်ငံရှိ Human Resources, Finance and Tourism နယ်ပယ်များအပေါ် သက်ရောက် ပြောင်းလဲနေစေသည့် အချက်များနှင့် ဆက်စပ် ပညာရေးနယ်ပယ်များအကြောင်း ဆွေးနွေးပွဲ ကျင်းပမည်
06-Dec-2016


မြန်မာနိုင်ငံရဲ့ လူသား အရင်းအမြစ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွေအပေါ် သက်ရောက်နေတဲ့ Digitisation, Globalisation နဲ့ Customization အကြောင်းအရာတွေကို ပညာရေး နယ်ပယ်နဲ့ ဆက်စပ်ပြီး Mr Christopher Harris က ဒီဇင်ဘာ (၁၇) ရက်နေ့ စနေ့နေ့၊ မွန်းလွဲ ၃ နာရီကနေ ၅ နာရီအထိ ရန်ကုန်မြို့ Novotel Hotel မှာ ဆွေးနွေး ပြောကြားသွားမယ်လို့ ယင်းပွဲကို စီစဉ်သူတွေရဲ့ ထုတ်ပြန်ချက် တစ်ရပ်အရ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို CROWN Education နဲ့ Kaplan Singapore တို့က စီစဉ်ခြင်း ဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

အပိုင်း (၁) မှာ မြန်မာနိုင်ငံရဲ့ အလုပ်ကဏ္ဍ အသီးသီးအပေါ်မှာ သက်ရောက်လာနေတဲ့ Digitisation၊ Globalisation နဲ့ Customization တွေအကြောင်း၊ အပိုင်း (၂) မှာ အဆိုပါ နယ်ပယ် အသီးသီးကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တွေအတွက် လေ့လာ သင်ယူနိုင်မယ့် ပညာရေးလမ်းကြောင်းတွေ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ ကြိုတင်ပြင်ဆင် လေ့လာထားရမယ့် အချက်တွေအကြောင်းနဲ့ အပိုင်း (၃) မှာ အဆိုပါ နယ်ပယ် အသီးသီးအတွက် ပေးအပ်မယ့် ဘွဲ့ဒီဂရီတွေ၊ Master ပရိုဂရမ်တွေအကြောင်း ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေ သိရှိလိုတာတွေကိုလည်း ရှင်းလင်း ပြောကြားပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဟောပြော ဆွေးနွေးမယ့်သူတွေကတော့ Kaplan Singapore ရဲ့ကျောင်းအုပ် Mr. Christopher Harris ၊ Crown Education မှ ဦးအောင်ကျော်ဆန်းနဲ့ Country Manager ဒေါ်ခိုင်ခိုင်လင်းတို့ပဲ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုတယ်ဆိုရင်တော့ ရန်ကုန်မြို့က လူတွေ အနေနဲ့ Crown Education ရဲ့ ရန်ကုန်ရုံး အမှတ်(၂၇ဝ)၊ မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း - ဝ၁ - ၅၂၇-၈၃၈ ၊ဝ၉- ၄၅၀-၀၁၀-၀၂၀၊ ၀၉-၇၃၂-၇၃၂-၇၇ ကို ဆက်သွယ် စုံစမ်းနိုင်ပြီး မန္တလေးမြို့က လူတွေကတော့ Crown Education မန္တလေးရုံး - အခန်း၊ (၁၁၉) ၊ Hotel Mandalay၊ အမှတ် ၆၅၂၊ ၇၈ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ဖုန်း - ၀၉-၄၅၀ ၂၀၀ ၀၈၀၊ ဝ၂-၇၂၆၃၆ ၊ လိုင်းခွဲ ၁၁၉ တို့ကို ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။


  • VIA