News

POST TYPE

RELAX

ထွန်းကိုကိုနဲ့ တွေ့ဆုံခြင်း
24-Jun-2020
“အချစ်ကားရိုက်ရမယ်ဆိုတော့ ကုန်ကြမ်းတော့ရှာရတာပေါ့”



သရုပ်ဆောင်ထွန်းကိုကိုနဲ့ တွေ့ဆုံခိုက်ရင် ဝှက်အက္ခရာ ဇာတ်ကားအကြောင်း၊ ချစ်ခန်းကြိုက်ခန်းမှာ RO ရတာ အခက်အခဲဖြစ်ကြောင်းနှင့် ဇာတ်လမ်းတွဲများလည်း ရိုက်ကူးရန်ရှိသေးကြောင်း စတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : အလှူတွေချည်းပဲ ဆက်တိုက်လုပ်ဖြစ်နေတယ်နော်။ 
TKK : အစည်းအရုံးမှာ လာပြီးတော့ လှူဖြစ်တာက A Film နဲ့ပေါ့နော်။ A Film နဲ့လည်း ရုပ်ရှင်ကားလည်းရိုက်ထားတယ်။ ရင်ဝှက်အက္ခရာပေါ့နော်။ ကျွန်တော်နဲ့ပထမဦးဆုံးရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ ကိုရီးယားမင်းသားတစ်ယောက်လည်း ပါတယ်။ အခု ငါးလပိုင်းမှာ တင်မလို့ပေါ့နော်။ ရုံရက်လည်းရထားပြီးပြီ။ ကိုဗစ်ကာလ ဖြစ်သွားတဲ့အတွက်ကို ကျွန်တော်တို့ ရက်ရွှေ့လိုက်ရတယ်။ မျိုးဆက်သစ် လူငယ်တွေလည်းပါတယ်။ 

Voice : ရင်ဝှက်အက္ခရာကားက ဘယ်လိုမျိုးလဲ။ 
TKK : ဒီကားကတော့ ကျွန်တော်ပုံမှန်ရိုက်နေကျ ရဲလည်းမဟုတ်ဘူးပေါ့နော်။ ဒီကားလေးကတော့ အချစ်ကားပေါ့နော်။ လှလှပပ သပ်သပ်ရပ်ရပ် စမတ်ကျကျနဲ့ ကိုရီးယားဆန်ဆန်လေး လုပ်ထားပါတယ်။ Stylist အစ နိုင်ငံခြားကနေ ခေါ်ပြီးတော့ သေချာပြင်ဆင်ပြီး ရိုက်တာဖြစ်တဲ့အတွက်ကို ပုံစံမတူတဲ့ပုံစံနဲ့ ပရိသတ်တွေအကြားကို ရောက်လာမယ်ထင်ပါတယ်။ 

Voice : အချစ်ကားဆိုတော့ ဘယ်လို Mood ထားလဲ။ 
TKK : ဒါရိုက်တာ မမီရှယ်လ်ဆို အမြဲပြောတယ်။ ဦးအောင်ကိုလတ်ကလည်းပြောတယ်။ တစ်ခါတလေကျရင် အက်တင်ကို ဖွင့်ပြီးလွှင့်ပြီး လုပ်လိုက်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒီကားမှာတော့ ငြိမ်ငြိမ်လေးနဲ့ အေးအေးလေး နိုင်ငံခြားဆန်ဆန်ပေါ့၊ အချစ်ကားဖြစ်တဲ့အတွက် အက်တင်ကိုနည်းနည်းငြိမ်ရတယ်။ ပုံမှန်အရင်ကားတွေလိုမျိုး အက်တင်ကို အလွတ်လုပ်လိုက်လို့မရဘူး။ အက်တင်ကို အငြိမ်လေးပဲ သွားထားရတယ်။ 

Voice : အရှေ့မှာ ရိုက်ခဲ့သမျှကားတွေက အကြမ်းတွေချည်းပဲ ဆိုတော့ အချစ်ကားရိုက်ရတာ အခက်အခဲဖြစ်မှာပေါ့။ 
TKK : ဟုတ်တယ်။ ဒီကားမတိုင်ခင်ကလည်း နည်းနည်းကြမ်းတဲ့ ကားရိုက်ထားပြီးတဲ့အချိန်လည်း ဖြစ်တယ်။ ပြောရရင် Mood တွေ အပြောအဆိုတွေကအစ နည်းနည်းပါလာတာပေါ့နော်။ အက်တင်တွေ ကအစ ပါလာတော့ တော်တော်တော့ ဆင်းမ်ပေါ်မှာထိန်းနေရတယ်။ တစ်ခါတလေကျရင်တော့ လွတ်လွတ်ပြီးပြောမိလိုက်တယ်။ ဒါပေမဲ့ ဒါရိုက်တာက မော်နီတာကနေကြည့်ပြီးတော့ စကားအပြောအဆိုတွေကို ပြောပေးပါတယ်။ ထိန်းပေးပါတယ်။ 

Voice : အချစ်ကားရိုက်ရမယ်ဆိုတော့ ကုန်ကြမ်း ဘယ်လိုရှာမလဲ။ 
TKK : အချစ်ကားရိုက်ရမယ်ဆိုတော့ ကုန်ကြမ်းတော့ ရှာရတာပေါ့။ ပြောရရင်တော့ အဓိကကာရိုက်တာပေါ့။ Mood သွင်းရတယ်။ အားလုံးနဲ့လည်း အဆင်ပြေအောင် Mood သွင်းပြီးတော့ ဇာတ်ကောင်ပေါ်မှာ စီးမျောရတာပေါ့။ ကိုယ့်ဇာတ်ကောင်က ဘယ်လိုမျိုးလဲဆိုတာ ကြည့်ပြီး စီးမျောရတာပေါ့။

Voice : နောက်ထပ်ရိုက်ဖို့ ပြင်ဆင်ထားတဲ့ ကားလေးတွေရော ရှိလား။ 
TKK : ဇာတ်လမ်းတွဲလေးက ရိုက်လက်စလေးဖြစ်နေတာ ရှိတယ်။ ဒီကာလအတွင်းမှာ ရပ်ထားရတော့ အဲဒါလေး ဆက်ရိုက်ရမယ်။ နောက်ထပ်ဇာတ်လမ်းတွဲတွေရိုက်ဖို့ တည်ထားတာရှိပါတယ်။ ရုပ်ရှင်ကားကြီးရိုက်ဖို့ တည်ထားတာရှိပါတယ်။ 

ခင်ညိုညိုသိမ့်