News

POST TYPE

RELAX

စမိုင်းလ်နှင့်တွေ့ဆုံခြင်း
19-Jun-2020
"ငွေဂုဏ်မောက်ပြီးတော့ ရိုင်းစိုင်းနေတာမျိုးကို စမိုင်းလ်က မကြိုက်ဘူး….."



သရုပ်ဆောင်စမိုင်းလ်နဲ့တွေ့ဆုံခိုက်သမီးငယ်လေးအလှူအတွက် ခံစားမိတဲ့အကြောင်း၊ စမိုင်းလ်ရဲ့မွေးနေ့မှာ သိန်း၂၅၀ ကျော်ကို ဂိမ်းကစားပြီး လှူသွားမယ့်အကြောင်းနှင့် သက်လတ်ပိုင်းအရွယ်မှာခံစားဖြစ်တဲ့ အကြောင်းအရာ စတာတွေကိုမေးမြန်းထားပါတယ်။ 

Voice  : သမီးငယ်လေး ကလိုဝီရဲ့မွေးနေ့အလှူကို ခိုင်နှင်းဝေကလေးများဂေဟာမှာသွားလှူဖြစ်တဲ့အကြောင်းလေးပြောပြပေးပါဦး။ 
Smile  : မိခင်တစ်ယောက်အနေနဲ့ကတော့ ဝမ်းနည်းဝမ်းသာပေါ့။ ၁၂ နှစ်လည်းရောက်လာပြီဆိုတာ့ သိတတ်တဲ့အရွယ်လည်းရောက်လာပြီ။ ဘယ်အရွယ်ဖြစ်ဖြစ် အမေ့ရဲ့ကလေးလေးပဲဖြစ်နေဦးမှာပဲပေါ့နော်။ အကြီးမက သူ့ဘာသာသူပဲနေတယ်။ တော်တော့်ကိုအေးတယ်။ အငယ်မလေးကတော့ကိုယ့်အတိုင်းပဲ ဆလပ်လူးကိုထနေတာပဲ။ အဓိကတော့ စမိုင်းလ်သမီးလေးတွေကကျတော့ ကိုယ့်ဆီမှာလာပြီးတော့ သမီးလေးတွေဖြစ်ရတာ သူတို့အတွက်ကတော့ ကံကောင်းတယ်ပေါ့နော်။ လိုလေသေးမရှိဘူး။ သူတို့ကပဲကံကောင်းနေတာပေါ့နော်။ ကံဆိုးတဲ့ကလေးတွေလည်းရှိသေးတယ်။ သူတို့ရလာတဲ့ဘဝလေးကို ကျေနပ်အောင်လို့ တန်ဖိုးထားတတ်အောင်လို့ အမြဲတမ်းယှဉ်ပြီးတော့ပေါ့နော်။ ကံဆိုးတဲ့ကလေးတွေက အဲလိုလေးတွေဖြစ်သွားတက်တယ်။ ဘဝတွေက ကံကောင်းအောင် ဘုရားတရားတွေလည်းပိုလုပ်ဖြစ်အောင်လို့ပေါ့နော် ။ခြိမ်းခြောက်ပြီးတော့ ပြောတာထက်စာလို့ရှိရင် ဒီလိုလေးတွေပြရင်သူတို့လေးတွေလည်း ပိုပြီးတော့ လုပ်ချင်စိတ်ရှိအောင်ပေါ့နော်။ ဒါက စမိုင်းလ်အမြင်ပြောပြတာပေါ့။ 

Voice  : သမီးလေးတွေကို လူတွေအကြောင်းကို နားလည်အောင်ပြောပြထားသေးလဲ။
Smile  : အဓိကတော့ ကိုယ်ချင်းစာတရားထားတတ်အောင်ပေါ့။ ငွေဂုဏ်မောက်ပြီးတော့ ရိုင်းစိုင်းနေတာမျိုးကို စမိုင်းလ်က မကြိုက်ဘူး။ ကလေးတွေကို အမြဲတမ်းကိုယ်ချင်းစာတရားလေးရှိအောင် အမြဲတမ်းနားလည်အောင်သင်ပေးတယ်။ သူတို့ကတော့ အခုချိန်ထိတော့ အေးအေးဆေးဆေးပဲပေါ့နော်။ လိမ္မာကြပါတယ်။ 

Voice  : နောက်တစ်ခုက မစမိုင်းလ်ရဲ့မွေးနေ့ပေါ့ Live လွှင့်မယ် ဂိမ်းစကားမယ် ဆုငွေတွေလည်း ပေးမယ်ပြောထားတော့ Facebook မှာ အုတ်အုတ်ကြတ်ကြတ်ဖြစ်နေတယ်နော်။ 
Smile  : မွေးနေ့ဆိုရင်တော့ အမြဲတမ်းသွားလှူတာပေါ့နော်။ ပါတီတွေဘာတွေလုပ်သူငယ်ချင်းတွေနဲ့ ပျော်ကြတယ်။ ဒီနှစ်ကျတော့ ကိုယ့်သူငယ်ချင်းတွေနဲ့တော့ ပျော်ချင်တယ်။ တကယ့်ဒုက္ခရောက်နေတဲ့သူတွေက အများကြီးပဲ။ လူတစ်ယောက်အတွက်ငွေဆယ်သိန်း ဆိုတာကလည်း အခုချိန်မှာပိုပြီးတော့ တန်ဖိုးရှိတာပေါ့။ လူအများကြီးကိုလည်း မဲပေါက်စေချင်တော့ ဂိမ်းတွေဆော့ကြ ဂိမ်းတွေမှာလာပြီးတော့ဆော့ရင် ပိုက်ဆံတွေလည်းရကြမယ်။ ကိုမောင်မောင်အေးတို့နဲ့တိုင်ပင်ပြီးတော့ လုပ်ဖြစ်တာပါ။ ၃၆ သိန်းအထိ မဲနှီုက်ပေးမယ်။ ၃၆ သိန်းမကလည်း လှူမှာပါ။ အားလုံးပေါင်းဆိုရင် သိန်း ၂၅၀ လောက်ရှိမယ်။ 

Voice  : သက်လတ်ပိုင်းလည်းဖြစ်လာတော့ စိတ်ခံစားမှုတွေ စိတ်နေစိတ်ထားတွေရော ဘယ်လိုပြောင်းလဲလာလဲ။
Smile  : အိုလာတယ်ပေါ့နော်။ အခုတော့ ဂိမ်းဆော့လိုက်ဦးမယ်။ ပြီးရင်တော့ ဘုရားတရားလည်းလုပ်မှာပါ။ 

Voice  : အိမ်ထောင်ဘက်ကြာလာတာနဲ့အမျှ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကပိုပိုပြီးတော့ ချစ်လာတာလည်းတွေ့ရတယ်။ 
Smile  : ဂရုစိုက်ခံရတော့ ကံကောင်းတဲ့အထဲမှာပါပါတယ်။ ယောက်ျားကိုပူဆာထားတဲ့အပင်စိုက်ချင်တယ်ဆိုတဲ့ဟာကလည်း မြေကွက်လေးလည်းရှာနေတယ် နေရာလေးကိုတော့ နေပြည်တော်လမ်းမကိုသွားကြည့်မှာပါ။ အများကြီးတော့ မလုပ်နိုင်သေးပါဘူး ကိုယ်နိုင်သလောက်လေးပါ။ ကိုယ့်လိုပဲပန်းချစ်တဲ့သူတွေကို ပျော်သွားအောင်လို့ ဓါတ်ပုံရိုက်နိုင်အောင်စီစဉ်ပေးထားပေးမှာပါ။

ခင်ညိုညိုသိမ့်