POST TYPE

RELAX

Time မဂ္ဂဇင်း၏ Person Of The Year စကာတင်စာရင်းတွင် ဟီလာရီကလင်တန်၊ ဒေါ်နယ်လ်ထရမ့်တို့နှင့်အတူ ဘီယွန်းစ်၊ မက်ခ်ဇူကာဘတ်တို့လည်း ပါဝင်
06-Dec-2016
၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း မဂ္ဂဇင်းကြီးတစ်စောင် ဖြစ်တဲ့ Time ကနေ ရွေးချယ်ချီးမြှင့်မယ့် Person Of The Year အတွက် စကာတင် ၁၁ ဦးစာရင်း ယနေ့ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနှစ်အတွက် စကာတင် စာရင်းမှာလည်း ယမန်နှစ်တွေကလိုပဲ နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ နည်းပညာသမားတွေနဲ့ အားကစားသမားတွေ အားလုံး ရောနှောပါဝင်နေလျက် ရှိရာမှာ ဒေါ်နယ်လ်ထရမ့်၊ ဟီလာရီကလင်တန်၊ နာရင်ဒြာမိုဒီတို့လို နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေနဲ့အတူ ပေါ့ပ်အဆိုတော်၊ ဘီယွန်းစ်၊ Facebook တည်ထောင်သူ မက်ဇ်ဇူကာဘတ်၊ အိုလံပစ် အားကစားမယ် ဆိုင်မွန်ဘိုင်းလ်စ်တို့လည်း ပါဝင်နိုင်ခဲ့ပါတယ်။

Person Of The Year ကို ယခုထွက်ပေါ်လာတဲ့ စကာတင်စာရင်းထဲကနေ Time မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့က ရွေးချယ်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှ ကြေညာသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို အယ်ဒီတာအဖွဲ့ရဲ့ ရွေးချယ်မှုကို မကြေညာခင် အွန်လိုင်းကနေ ပရိသတ်တွေရဲ့ ဆန္ဒမဲကို ကောက်ခံခဲ့ရာမှာတော့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို ပရိသတ်တွေက Person Of The Year အဖြစ် ဆန္ဒပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

၂၀၁၆ ခုနှစ် Person Of The Year အတွက် Time မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ စကာတင် ၁၁ ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပြီး ရေပန်းစားမှုအရ နံပါတ်စဉ် စီစဉ်ထားခြင်း မဟုတ်ဘဲ ကျပန်းဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။

၁။ မက်ခ်ဇူကာဘတ် ( Facebook တည်ထောင်သူ)
၂။ ဒေါ်နယ်လ်ထရမ့် (အမေရိကန်သမ္မတ)
၃။ ဘီယွန်းစ် (ပေါ့ပ်အဆိုတော်)
၎။ ဟီလာရီကလင်တန် (အမေရိကန်သမ္မတလောင်းအဖြစ်ပ ထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အမျိုးသမီး)
၅။ ဗလာဒီမာပူတင် (ရုရှားသမ္မတ)
၆။ ဖလင့်သတင်းဖွင့်ချသူများ (မီချီဂန်ပြည်နယ်၊ ဖလင့်မြို့တွင် ရေထောက်ပံ့ရေး ကုမ္ပဏီများက ကျန်းမာရေးနှင့် မညီညွတ်သော နည်းလမ်းဖြင့် ရေပေးဝေနေခြင်းကို ဖွင့်ချခဲ့သူများ)
၇။ နိုင်ဂျယ်ဖာရေ့ခ်ျ (ဗြိတိန်လွတ်လပ်ရေးပါတီ ခေါင်းဆောင်ဟောင်း/ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး ဆန္ဒခံယူပွဲမှ အောင်ပွဲရအောင် ကူညီတွန်းအားပေးခဲ့သူ)
၈။ ဆိုင်မွန် (ရီယိုအိုလံပစ်တွင် ရွှေတံဆိပ် ၄ ခု ဆွတ်ခူးခဲ့သည့် ၁၉ နှစ်အရွယ် အမေရိကန် အားကစားမယ်)
၉။ နာရင်ဒြာမိုဒီ (အိန္ဒိယ ဝန်ကြီးချုပ်)
၁၀။ CRISPR သိပ္ပံပညာရှင်များ (ဆဲလ်များအတွင်းမှ မကောင်းမွန်သည့် မျိုးဗီဇများကို ကောင်းမွန်သည့် မျိုးဗီဇများဖြင့် အစားထိုး ပြုပြင်နိုင်မည့် နည်းပညာကို ဦးဆောင်သုတေသနြ ပုခဲ့သည့် သိပ္ပံပညာရှင်များ)
၁၁။ အာဒိုဂန် (တူရကီသမ္မတ)

Ref : Time