News

POST TYPE

RELAX

ရွှေအိမ်စည်နဲ့ တွေ့ဆုံခြင်း
18-Jun-2020
“Tiktok ကစားနေတဲ့ခေတ်မှာ အိမ်စည်က Tiktok ကိုတည်ပြီး ရေးလိုက်တာဆိုတော့ အားလုံးက ဟိုလူ့ကိုစောင်းမြောင်းတယ်။ ဒီလူ့ကို စောင်းမြောင်းတယ်လို့ ပြောကြတယ်”



မော်ဒယ်လ်ရွှေအိမ်စည်နှင့် တွေ့ဆုံခိုက် ဆိုရှယ်မီဒီယာမှာ အလန်းစားပုံတွေ တင်နေတဲ့အကြောင်း၊ Tiktok ဆော့ပြီး ပေါ်ပင်ဖြစ်လာတဲ့သူကို အနုပညာရှင်လို့ သတ်မှတ်လိုက်တဲ့အပေါ်အမြင် စတာတွေကို မေးမြန်းထားပါတယ်။ 

Voice : ဆိုရှယ်မီဒီယာမှာတော့ အမြဲတမ်းမိုက်နေတာပဲနော်။ 
SES : ကိုယ်က ဘာပဲလုပ်နေလုပ်နေ မချပြနိုင်ဘူးဆိုရင် လက်မလွတ်သွားစေချင်တာလည်းပါတယ်။ ကိုယ်လုပ်တဲ့ Activities တွေကို ပုံရိုက်ဖို့ စိတ်ပါတယ်ဆိုရင် တင်ပေးဖြစ်တယ်။ အရင်တုန်းကဆိုရင် မတင်ပေးဖြစ်ဘူး။ ပုံတွေလည်း အရမ်းများနေတော့လေ။ အလုပ်ကလည်း လုပ်နေရတယ်။ ပုံတွေရွေးဖို့ကလည်း အဆင်မပြေဘူး။ အခုနောက်ပိုင်းကျတော့ အချိန်ပေးပြီး ပိုပြီးတော့ တင်ဖြစ်တယ်။ ပွဲတွေမရှိတော့ ကိုယ့်ကို တွေ့ရမယ့် အခွင့်အရေးက နည်းတယ်။ မရှိတော့ဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာနဲ့ပဲ ပရိသတ်ကို ဆက်သွယ်ရတာဖြစ်လို့ အဲဒါကိုတော့ ပိုပြီးတော့ သုံးဖြစ်နေတယ်။ 

Voice : Facebook မှာ ပုံတွေတင်တာနဲ့ Instagram မှာ ပုံတင်တာကို ဘယ်လိုခွဲခြားထားတာလဲ။ 
SES : အရင်တုန်းကတော့ ခွဲထားတယ်။ အခုတော့ မခွဲတော့သလိုပဲ ။လူတိုင်းမှာတော့ အဲဒီအတွေးတစ်ခုတော့ရှိတယ်။ IG မှာ တင်တာနဲ့ FB မှာတင်တာနဲ့က မတူကြဘူး။ ဘာလို့ကွဲတာလည်းဆိုရင်လည်း မသိဘူး။ ဥပမာ- နည်းနည်လေးဟော့ဖြစ်မယ့်ပုံ၊ ရေကူးဝတ်စုံလေးတင်မယ်ဆိုရင် မစဉ်းစားဘူး။ IG မှာက ကိုယ့်အကောင့်ကို Private လုပ်ထားလို့ ရတယ်လေနော်။ FB က နည်းနည်းဖောင်းဖွတော့ သိပ်သုံးလို့မကောင်းဘူး။ အိမ်စည်ကတော့ IG မှာ တင်သမျှလည်း ပေ့ချ်မှာ ပြန်တင်တယ်။ မရွေးတော့ဘူး။ FB မှာတော့ ဝေဖန်မှုက ပိုတယ်။ အားပေးတဲ့သူလည်းရှိသလို အားမပေးတဲ့သူလည်းရှိတယ်။ FB က ပိုပြီးတော့ သုံးတာများတဲ့အတွက်ကြောင့် FB ကတော့ ပိုများတယ်။ 

Voice : Facebook မှာ Tikotok အကြောင်းနဲ့ပတ်သက်ပြီးအမုန်းခံရေးထားတာလည်း တွေ့တယ်လေ။ ပေါ်ပင်တွေနဲ့ တချို့ကျတော့လည်း အနုပညာရှင်လို့လည်း သုံးနှုန်းထားကြတာလေးတွေအပေါ် ဘယ်လိုမျိုးပြောချင်လဲ။ 
SES : အဲဒီလိုမျိုးအမုန်းခံပြီးရေးထားတာလည်းမဟုတ်ဘူး။ အမှန်တိုင်းပြောရရင်လေ အိမ်စည်က ထိသွားတာ။ ဘာလို့လဲဆိုတော့ အားလုံးကTiktok ကစားနေတဲ့ ခေတ်မှာ အိမ်စည်ကTiktok ကို တည်ပြီး ရေးလိုက်တာဆိုတော့ အားလုံးက ဟိုလူ့ကိုစောင်းမြောင်းတယ်။ ဒီလူ့ကို စောင်းမြောင်းတယ်လို့ ပြောကြတယ်။ အမှန်တိုင်းပြောရရင် အိမ်စည်က ဘယ်သူ့ကိုမှ စောင်းမြောင်းရေးစရာမလိုဘူး။ အိမ်စည်က အေးဆေးလေးပဲလေ။ အဓိကဘာလဲဆိုတော့ အိမ်စည်ရေးလိုက်တယ်။ ဘာလို့ရေးလိုက်တာလဲဆိုတော့ ကိုယ့်ရဲ့ Carrier က အစကနေအဆုံးထိ အခက်အခဲဖြစ်တယ်။ အိမ်စည်က ပြိုင်ပွဲနဲ့ စပြီး ဒီလောကထဲ ဝင်လာတာကိုး။ အဲလို တောက်လျှောက်မှာ အခက်အခဲပေါင်းများစွာနဲ့လေ တစ်ခုမှကို အဆင်ပြေပြေ ချောချောမွေ့မွေ့မရှိခဲ့ဘူးလေ။ တစ်ခုခုဖြစ်ပြီဆို ဂယက်တွေထ ဟေးအားနဲ့ အကုန်လုံးလည်း သိကြတယ်။ နောက်ပိုင်းခေတ်မှာက ဆိုရှယ်မီဒီယာကို အသုံးပြုပြီးတော့ အောင်မြင်အောင် လုပ်လို့ရတယ်။ အိမ်စည် စဝင်လာခါစတုန်းက ဒီလိုမျိုးတွေ မရှိသေးဘူးလေ။ ခက်ခဲတယ်။ ဆရာဂျွန်လွင်ဆီမှာ သင်တန်းတက်တယ်။ တခြားနည်းလမ်းကို တကယ်မသိခဲ့ဘူး။ အိမ်စည်စာထဲမှာ ပြောထားတာက ရှင်းရှင်းလေး။ အိမ်စည်ရဲ့ပေ့ချ်မှာ ကိုယ့်ရဲ့ဘဝအကြောင်းကို ရေးထားတယ်။ ဒါပဲပြောချင်တယ်။ အိမ်စည့်ရဲ့ Image မှာ သူများကို ပြဿနာရှာတာ ဝုန်းတာတို့ အဲလိုမျိုးတွေ မဖြစ်ချင်ဘူး။ အိမ်စည်သာ တစ်ယောက်ယောက်ကိုတည်ရင် တည်မှန်း သိသာတယ်။ အိမ်စည်က အဲလိုပဲသတ်မှတ်တယ်။ 

Voice : ဆိုရှယ်မီဒီယာမှာ လူသိသွားပြီဆိုတာနဲ့ ဆယ်လီဖြစ်ပြီလို့ထင်နေကြတဲ့အပေါ်ရော ဘယ်လိုယူဆလဲ။ 
SES : အိမ်စည်က ခွဲထားတယ်။ အိမ်စည်ခွဲထားတာတော့ မဟုတ်ဘူး။ သူ့ဟာနဲ့ သူရှိတယ်။ Modeling တစ်ခုတည်း ပြောမယ်ဆိုရင်တောင် Catwalk Run Way ရှိမယ်။ နယ်ပယ်ထဲမှာ မတူဘူးလေနော်။ Run Way မော်ဒယ်လ်ဆိုရင် ဘယ်လောက် ဘယ်လောက်ရှိရမယ်။ ဖက်ရှင်မော်ဒယ်လ်မဖြစ်နိုင်ဘူး။ အဲလိုမျိုးပေါ့။ ခွဲခြားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ မင်းသမီးတစ်ယောက်ကို ကော်မီဒီယံလို့ခေါ်လို့မရသလို ကော်ဒီမီယံကိုလည်း မင်းသမီး တစ်ယောက်လို့ ခေါ်လို့မရဘူး။ Singer လို့လည်း ခေါ်လို့မရဘူး။ ဟုတ်မှ မဟုတ်တာ။ ဟိုမှာက ဆိုရှယ်မီဒီယာလိုင်းကနေ ဖောက်ပြီး အောင်မြင်လာတဲ့သူလည်းရှိတယ်။ ဒါပေမဲ့ It not is Same ပေါ့။

ခင်ညိုညိုသိမ့်