News

POST TYPE

RELAX

ထိပ်ဆုံးက မအောင်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်ကို ကျောင်းသားဟောင်း တစ်ဦး တရားပြန်စွဲ
05-Dec-2016

အောက်စ်ဖို့ဒ် တက္ကသိုလ် ဘွဲ့ရတစ်ဦးက ကျောင်းရဲ့ သင်ကြားမှုတွေဟာ ပျင်းစရာ ကောင်းနေတာမို့ သူဟာ ပထမတန်းက မအောင်မြင်ခဲ့ဘဲ ဘဝမှာလည်း အောင်မြင်တဲ့ သက်မွေးဝမ်းကျောင်းမှု တစ်ခုကို မရခဲ့ပါဘူးလို့ အပြစ်ဖို့ပါတယ်။

 

ဒါကြောင့် ဖိုက်ဇ်ဆစ်ဒီကွေးလို့ အမည်ရသူဟာ တက္ကသိုလ်ကို ပေါင်တစ်သန်း လျော်ကြေးပေးဖို့ တရား စွဲဆိုခဲ့ပါတယ်။


ခေတ်သစ် သမိုင်းကို လေ့လာခဲ့သူ ဖြစ်ပြီး တကယ်လို့ ကျောင်းက ပထမတန်းက အောင်မြင်ခဲ့သူဖြစ်ရင် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဥပဒေ ဝန်ဆောင်မှုပေးသူ တစ်ဦး ဖြစ်နေလောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

 

သူသာ တရားစွဲဆိုခွင့် ရရှိသွားခဲ့ပါရင် အလားတူ ကျောင်းသားဟောင်းပေါင်း များစွာက တက္ကသိုလ်ကို တရားစွဲမှုတွေ ထပ်ပြီး ဖြစ်လာမှာ ဖြစ်ပါသတဲ့။ ကျောင်းမှာ နေထိုင်သင်ကြားမှု အဆင်မပြေတဲ့ ကိစ္စရပ်တွေနဲ့ သတ်မှတ် ဆုံးဖြတ်ပေးမှုတွေ အဆင် မပြေတာကို ကျောင်းသားဟောင်း အချို့က ကန့်ကွက်နေတာ ဖြစ်ပါသတဲ့။

 

ဆစ်ဒီကွေးဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီးတော့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ဥပဒေပညာရှင် တစ်ယောက်အဖြစ် မွေးထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်က သူ ကျောင်းပြီးခဲ့စဉ်က ထိပ်တန်း ပထမအဆင့်က မအောင်ခဲ့တာကြောင့် သူ့လုပ်ငန်းခွင် ဘဝကို ထိရောက်မှု ကြီးစွာရှိတယ်လို့ သူက အခိုင်အမာ စွပ်စွဲထားပါတယ်။ ကျောင်းအဓိပတိကြီး၊ ဆရာတွေ၊ ပညာရှင်တွေထံက ပေါင်ငွေ တစ်သန်း လျော်ကြေး ရလိုကြောင်း သူက တောင်းဆိုလိုက်တာပါ။

 

Ref:UPI



  • VIA