News

POST TYPE

RELAX

တွမ်ခရုစ် ပါဝင်ထာသည့် The Mummy ဇာတ်ကားသစ် နမူနာ ထွက်ရှိ
05-Dec-2016

Mission: Impossible ဇာတ်လမ်းတွေရဲ့ အဓိက မင်းသား တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ထားတဲ့ The Mummy ဇာတ်ကား နမူနာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

Universal စတူဒီယိုက ထုတ်လွှင့်လိုက်တဲ့ ဇာတ်ကားနမူနာထဲမှာတော့ သဲကန္တာ ရ မြေအောက်ထဲက တူးဖော်တွေ့ရှိခဲ့တဲ့ အီဂျစ်ရှေးဟောင်း မင်းသမီးတစ်ပါးရဲ့ မမ်မီရုပ်တုကို သယ်ဆောင်သွားတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။

ကမ္ဘာကြီးဟာ မိစ္ဆာတွေ၊ ဖန်ဆင်းရှင်တွေ အကြားမှာ အသစ်တစ်ဖန် ပြန်မွေးဖွားမယ်ဆိုတဲ့ ဇာတ်သွားကို ခင်းကျင်းထားတာ ဖြစ်ပါတယ်။

ဇာတ်ကားနမူနာ အသစ်မှာ တွမ်ခရုစ်နဲ့ စစ်သည်အချို့ဟာ လေယာဉ်ပေါ်မှာ ရှိနေခဲ့ကြပြီး အကြောင်းတစ်ခုကြောင့် လေယာဉ်ပျက်ကျသွားတာကို တွမ်ခရုစ်က လွတ်မြောက်အောင် စွမ်းဆောင်နေတဲ့ အခန်းတွေ အမြည်းပေးထားပါတယ်။

“အမာနတ် မင်းသမီးနဲ့ သွားတွေ့လိုက်ပါ” ဆိုပြီး ရက်ဆဲခရိုးလ်က တွမ်ခရုစ်ကို ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းလည်း ထည့်သွင်းပြသထားပါသေးတယ်။

အခု The Mummy ဇာတ်ကားထဲမှာ ပြန်လည်နိုးထလာတဲ့ ရှေးဟောင်းမင်းသမီးတစ်ပါး အဖြစ် Star Trek Beyond ဇာတ်ကားထဲက ဆိုဖီယာဘော့တယ်လာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမဟာ ယနေ့ခေတ် လူသားတွေ နေထိုင်ရာ ကမ္ဘာကြီးထဲကို သွေးပျက်စရာ တိုက်ခိုက်မှုတွေနဲ့ မှော်စွမ်းအားတွေ ယူဆောင်လာမှာ ဖြစ်ပါတယ်။

အရင်က မမ်မီဇာတ်လမ်းတွေကို ဘရန်ဒန်ဖရေဆာနဲ့ အဓိက ရိုက်ကူးခဲ့ပြီး ၁၉၉၉ နဲ့ ၂၀၀၈ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇွန်လမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Ref: yahoo.com