News

POST TYPE

RELAX

အားလပ်ချိန်ကို အချိန်ဇယားဖြင့် သတ်မှတ်ခြင်းက ပျော်ရွှင်မှု လျော့နည်းစေ
05-Dec-2016


အလုပ်များတဲ့ ဒီနေ့ခေတ်မှာ နေ့စဉ် လုပ်ငန်းဆောင်တာ အဝဝကို အချိန်ဇယားနဲ့ အတိအကျ သတ်မှတ် ထားတတ်ကြပါတယ်။

အိပ်ရာထချိန်၊ အိမ်က ထွက်ချိန်၊ အလုပ် လုပ်ချိန်ကစလို့ မိတ်ဆွေတွေနဲ့ တွေ့ဖို့အချိန်၊ ဆေးခန်းသွားဖို့ အချိန်နဲ့ နောက်ဆုံး လက်ဖက်ရည် သောက်ချိန်၊ အနားယူချိန်တွေအထိ ဘယ်နှနာရီမှာ ဘာလုပ်မယ်ဆိုပြီး အတိအကျ သတ်မှတ်တာဟာ အလုပ်ချိန်တွေအတွက် အကျိုး ရှိပေမယ့် အားလပ်ချိန်တွေ အတွက်တော့ မကောင်းလှပါဘူး။

အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်က စီစဉ်ခဲ့တဲ့ လေ့လာမှုတွေအရ သင့်တစ်နေ့တာအတွက် အချိန်ဇယား ဆွဲတဲ့အခါ အတိအကျ သတ်မှတ် မထားသင့်တဲ့ အချိန်က အနားယူချိန် ဖြစ်ပါသတဲ့။

အကြောင်းရင်းကတော့ ဒီလို သတ်မှတ်လိုက်တဲ့အခါ အနား ယူချိန်ဟာ အလုပ် တစ်ခုလို ဖြစ်လာပြီး သင့်အနေနဲ့ ပျော်သင့်သလောက် မပျော်နိုင်တော့ဘူးလို့ လေ့လာမှု စာတမ်းကို ရေးသားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဆယ်လင်းမဲလ်ကော့ခ် က ဆိုပါတယ်။

အဲဒီ အားလပ်ချိန်အတွင်းမှာ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ် သင်ပျော်ရွှင်တာ တစ်ခုခုကို လုပ်နေရင်တောင် သင့်အဖို့ အချိန် အတိအကျနဲ့ စိတ်ဝင်စားဖို့ဆိုတာ သိပ်မဖြစ်နိုင်တာကြောင့် ဝတ္တရား တစ်ခုလို ဖြစ်နေတတ်တဲ့အကြောင်း လေ့လာမှုမှာ ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မဲလ်ကော့ခ် အကြံပေးထားတာက သင့်အနေနဲ့ မွန်းလွဲ သုံးနာရီမှာ အနားယူမယ်။ ည ခုနစ် နာရီမှာ အနားယူမယ် စသဖြင့် နာရီနဲ့ ဇယားချမယ့်အစား နေ့ခင်းဘက် ခဏ အနားယူမယ် ညကျရင် အနားယူမယ်ဆိုပြီး ပြောင်းလဲလိုက်ပါ။

ဒီလိုဆိုရင် သင်အနား ယူချင်စိတ် ပေါ်လာချိန်မှာ အချိန်မရွေးနားဖြစ်တဲ့အတွက် သင့်ရဲ့ အားလပ်ချိန်မှာ အပြည့်အဝ ပျော်ရွှင်စရာ ကောင်းပါလိမ့်မယ်လို့ သူက အကြံပေးပါတယ်။

Ref : motto.com

  • VIA