News

POST TYPE

RELAX

စတုရန်းပေ ၁၃၀၀၀ ကျယ်တဲ့ အယ်လ်အေက အိမ်ကို ကျဉ်းတယ်ဆိုပြီး ဒေးဗစ်ဘက်ခမ်းတို့ဇနီးမောင်နှံ ပြန်ရောင်းရန်စီစဉ်
05-Dec-2016
၁၃,၀၀၀ စတုရန်းပေ ကျယ်တဲ့ အယ်လ်အေက အိမ်ကြီးဟာ ရှုခင်းကောင်းသလို ရေကူးကန် တစ်ကန်လည်း ပါဝင်ပေမယ့် သူတို့ မိသားစုအတွက် လိုအပ်သလောက် မကျယ်ဝန်းဘူးဆိုပြီး ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ ဇနီးမောင်နှံက ပြန်ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ LA Galaxy ဘောလုံးအသင်းနဲ့ ဒေါ်လာ ၁၆၃ သန်းတန် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်မှာ ၂၀၀၇ ခုနှစ်၊ ဇွန်လက အဲဒီအိမ်ကြီးကို ဒေါ်လာ ၁၈ သန်းနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။

၁.၂၅ ဧကကျယ်တဲ့ ခြံဝင်းပါ ယင်းအိမ်ကြီးမှာ ရေချိုးခန်း ၉ ခန်းနဲ့ အုန်းပင်တွေလည်း ရှိပါတယ်။

ဒါပေမယ့် သူတို့ စုံတွဲဟာ သားတွေ ဖြစ်တဲ့ ဘရွတ်ကလင်း၊ ရိုမီယိုနဲ့ ခရုစ်တို့ ဘောလုံးကန်ဖို့အတွက် ဒီထက်ကျယ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းရွှေ့ လိုတာကြောင့် လက်စ်ဗီးဂက်စ်က သူတို့ရဲ့ လက်ရှိအိမ်ကို ရောင်းချချင်နေတာပါ။

“သူတို့ လင်မယား နှစ်ယောက်က ဒီခြံကြီးရဲ့ အကျယ်အဝန်းနဲ့ ပတ်သတ်ပြီး အတော်လေး စိတ်မသက်မသာ ဖြစ်နေတယ်။ ပန်းခြံကလည်း ဘောလုံး ကစားဖို့ နေရာရလောက် မကျယ်ဘူးလေ။ အဲဒါကြောင့် သူတို့ရဲ့ကလေးတွေ ဘောလုံး ကစားချင်တဲ့အခါ အိမ်နီးချင်းတွေဆီ သွားကြရတယ်။ အမှန်တော့ ဒီအိမ်ကို ပြန်ရောင်းဖို့ လုပ်ထားတာ နည်းနည်းတောင် ကြာနေပြီ”လို့ သူတို့နဲ့ ရင်းနှီးသူ တစ်ဦးက The Sun သတင်းစာကို ပြောပါတယ်။

ဒေးဗစ်ဘက်ခမ်းတို့ မိသားစုဟာ အနောက်လန်ဒန်မှာ အိမ်ကြီး တစ်အိမ်ကို ပိုင်ဆိုင်ထားပါသေးတယ်။

Ref : The Mirror


  • VIA