News

POST TYPE

RELAX

လူငယ်ကြိုက် Selfie အသားပေး VIVO စမတ်ဖုန်းသစ်ကို ပြည်တွင်း၌ စတင်မိတ်ဆက်
13-May-2020



ရန်ကုန်၊ မေ ၁၃

ဖက်ရှင်စိတ်ဝင်စားသည့် လူငယ်များနှင့် Selfie ရိုက်ကူးမှုကို နှစ်သက်သူများအတွက် အထူးရည်ရွယ်ထားသည့် Vivo ၏ V19 အမျိုးအစား Flagship ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Vivo Mobile Myanmar ထုတ်ပြန်ကြေညာလိုက်သည်။


ခေတ်မီဆန်းသစ်ပြီး အနုပညာဆန်သည့် ဒီဇိုင်းဖြင့် ဖန်တီးတည်ဆောက်ထားသည့် V19 စမတ်ဖုန်းအသစ်တွင် ထူးခြားချက်အနေဖြင့် Selfie ရိုက်ကူးရာတွင်အသုံးပြုနိုင်သည့် dual front 32MP နှင့် 8MP Super wide-angle ကင်မရာတို့ပါရှိမည်ဖြစ်သည်။ အနောက်ကင်မရာမှာ Quad Camera ဖြစ်ပြီး L Shape ပုံစံ တပ်ဆင်ပေးထားသည်။ ပင်မကင်မရာ 48MP, 8MP အထူးမြင်ကွင်းကျယ် ကင်မရာ၊ 2MP Bokeh Camera နဲ့ 2MP Depth Sesor တို့ပါဝင်သည့်အပြင် Light Up Your Night ဆိုသည့် နာမည်နှင့် ကိုက်ညီမှုရှိစေရန် ညအမှောင်တွင် ဓာတ်ပုံရိုက်ကူးသောအခါ တောက်ပလင်းလက်စေသည့် Super Night Selfie ကိုလည်း ထည့်သွင်းထားသည်။


Super AMOLED FHD+ နှင့် Ultra O မျက်နှာပြင်တို့ကဲ့သို့သော အဆင့်မြင့်နည်းပညာများနှင့် အသက်ဝင်သောရိုက်ချက်များအတွက် အနီးမြင်ကွင်းနှင့် နောက်ခံမြင်ကွင်းကြား အချိုးအစားကို ကောင်းမွန်စွာ ချိန်ညှိပေးနိုင်သည့် AI algorithm အပါအဝင် AI Video Filter ၊ AI Video Editor ၊ AI Image နှင့် AI Image Matting အစရှိသည့် AI နည်းပညာသုံး ကင်မရာနည်းပညာများပါဝင်နေသည့်အတွက် လူငယ်များနှင့် ကိုက်ညီမှုရှိနိုင်သည်ဟု Vivo မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ မျက်နှာပြင်အရွယ်အစား 6.44 လက်မရှိသည့်အတွက် Video များနှင့် ဂိမ်းများကစားသည့်အခါတွင် စိတ်ကျေနပ်စေမှု အပြည့်အဝပေးစွမ်းနိုင်မည့် ဖုန်းဖြစ်ပါသည်။


ထို့အပြင် 4500mAh ဘက်ထရီပမာဏ ပါရှိပြီး 33W Vivo Flashcharge 2.0 ကို အသုံးပြုထားသည့်အတွက် အားအမြန်ပြည့်စေရုံသာမက အသုံးပြုမှုလည်း ကြာရှည်ခံမည်ဖြစ်သည့်အပြင် Cooling Turbo တပ်ဆင်ထားသည့်အတွက် ဖုန်းအသုံးပြုနေစဉ်အတွင်း မြင့်တက်လာနိုင်သည့် အပူချိန်ကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ Vivo V19 တွင် ပါဝင်သည့် Jovi Smart Scene က ဖုန်းအသုံးပြုကြာချိန်၊ ဖုန်းကိုင်သည့် အရေအတွက်တို့ကိုလည်း ဖော်ပြပေးသဖြင့် ကျန်းမာရေးကိုလည်း အထောက်အကူပြုသည့် feature တစ်ခု ဖြစ်ပါသည်။
တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီ Vivo အဆိုပါ စမတ်ဖုန်းကို တန်ဖိုးငွေ ၅၇၉,၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြိုတင်မှာယူမှုများပြုလုပ်နိုင်မည်ဖြစ်ကာ မေလ ၁၆ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


(ကြေငြာသတင်းဖြစ်ပါသည်)