News

POST TYPE

RELAX

ခန့်စည်သူနဲ့ တွေ့ဆုံခြင်း
11-May-2020
“ငွေကြေးအဆင်မပြေတဲ့သူကျတော့ ထမင်းအိုးလေးထောင်ကြည့်ရင် ဆန်စေ့လေးများ ကျလာမလား မျှော်လင့်ချက်လေးတွေ ရှိတယ်”



သရုပ်ဆောင်ခန့်စည်သူနဲ့ တွေ့ဆုံခိုက် အလိုတြော်ပည့်ဆရာတော်ကြီးရဲ့ သြဝါဒနဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို ပြန်လည်လှူဒါန်းမယ့်အကြောင်း၊ ဆွမ်းဆန်တွေဆက်တိုက်လှူဖြစ်နေတဲ့အကြောင်းနှင့် Covid ကနေ ရလိုက်တဲ့ အသိတရားတွေကို မျှဝေထားတဲ့ အကြောင်းအရာစတာတွေကို မေးမြန်းထားပါတယ်။ 

Voice : အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ အလှူကို လက်ခံဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါဦး။
KST : အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ သြဝါဒခံယူပြီးတော့ တစ်ဖက်နိုင်ငံကနေ လှူလိုက်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို တစ်ဆင့်ပြန်လှူတာပေါ့နော်။ ပြန်လှူပေးဖို့အတွက် ကျွန်တော့်ကို တာဝန်ပေးတာပါ။ 

Voice : ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေက ဘာတွေလဲ၊ တန်ဖိုးအားဖြင့် ဘယ်လောက်ရှိမလဲ။ 
KST : အလှူပစ္စည်းတွေကတော့ Mask တွေပါတယ်။ ကိုယ်အပူချိန်တိုင်း ကိရိယာတွေပါတယ်။ လက်သန့်ဆေးရည်တွေပါတယ်။ ဆရာတော်ကြီးတွေလှူစေချင်တဲ့နယ်မှာလည်းသွားလှူမယ်။ တချို့လာပြီးအကူအညီတောင်းတဲ့နေရာတွေမှာလည်း လှူဖြစ်မှာပါ။ တန်ဖိုးအားဖြင့် ကျပ်သိန်းတစ်ရာကျော်ခန့်ရှိပါတယ်။ 

Voice : ကိုခန့်အနေနဲ့ အလှူတွေ ဆက်တိုက်လုပ်နေတာလည်းတွေ့ရတယ်။ နောက်ထပ်ရောဘယ်လိုနေရာတွေလှူဖို့ရှိသေးလဲ။
KST : နောက်လှူမယ့်နေရာတွေက စာသင်တိုက်ပေါ့နော်။ ဆွမ်းဆန် အခက်အခဲဖြစ်နေတဲ့ စာသင်တိုက်တွေ၊ သီလရှင်ကျောင်းတွေကို လှူဖြစ်ဖို့တော့ရှိပါတယ်။ ကျောင်း ၅ ကျောင်းလှူမှာပါ။ တစ်ကျောင်းကိုတော့ ဆန်ဆယ်အိတ်နဲ့ ဆန်အိတ်ငါးဆယ်လှူဖို့ ရှိပါတယ်။ အရင်တုန်းကတော့ ဒါက ရောဂါပြဿနာပေါ့။ အချိန်ကြာလာတဲ့အခါမှာ လူမှုရေးပြဿနာတွေဖြစ်လာတယ်။ အချိန်ပိုကြာလာတဲ့အခါမှာ စီးပွားရေးပြဿနာတွေ၊ စီးပွားရေးအခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ စားရေးသောက်ရေးအခက်အခဲတွေလည်း ဖြစ်လာတာပေါ့။ ကိုယ့်ဘက်က တစ်ပိုင်တစ်နိုင်လှူနိုင်သလောက်လေးကို ပံ့ပိုးတာပါ။ 

Voice : Covid 19 ရောဂါကြောင့်လည်း လူတွေက ပိုပြီး အသိတရားရလာကြတာမျိုးတွေလည်း တွေ့ရတယ်။ ကိုခန့်ရဲ့ အမြင်လေးကကော။
KST : Covid 19 ကြောင့် ဆင်းရဲချမ်းသာမရွေး ဆင်းရဲတာပဲဖြစ် ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ် ဘယ်လိုလူတန်းစားမဆို အချက်ပေးခေါင်းလောင်းထိုးလိုက်တာပေါ့။ ဘဝမှာအရေးကြီးဆုံးက ဘာလဲဆိုတာကို အားလုံးက မျက်ဝါးထင်ထင် တွေ့သွားကြတယ်။ ကျန်းမာရေးဘယ်လောက်အရေးကြီးလဲဆိုတာကို သိလာ တယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ကျန်းမာမှ ကိုယ့်အတွက်လည်း ရှာဖွေစားသောက်နိုင်မယ်။ ကိုယ့်မိသားစုကိုလည်း ရှာဖွေပေးနိုင်မယ်။ ကိုယ့်မိဘ ကိုယ့်အသိုင်းအဝိုင်းကိုလည်းထောက်ပံ့နိုင်မယ်။ မကျန်းမာရင်ဘာမှလုပ်လို့မရဘူး။ ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ Covid 19 ကြီးကတော့ အားလုံးကို လှုပ်နိုးသွားတယ်။ အဓိကတော့ ဘုရားဟောထားတာရှိတာပေါ့နော်။ သတိထားရမှာပေါ့နော်။ ဘယ်အရာမဆို သတိလေး အမြဲကပ်နေရမယ်ဆိုတဲ့ အတွေးတွေတော့ ဝင်လာပါတယ်။ 

Voice : ဃသလငိ ကာလအတွင်းမှာ ပြည်သူတွေလည်း တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်နေကြတဲ့အပေါ် ကိုခန့်ရဲ့ ခံစားချက်လေး ဘယ်လိုများရှိနေလဲ။
KST : နိုင်ငံတော်မှာလည်း တတ်နိုင်သလောက်လေးတွေ လှူကြတန်းကြတယ်။ အဆင်ပြေတဲ့သူတွေလည်း လှူကြတယ်ပေါ့နော်။ ဒီလိုလေးတွေ မြင်ရတယ်၊ ကြားရတော့ ကပ်ရောဂါဆိုးကြီး ကြားထဲကနေ အင်မတန်လည်း ပီတိဖြစ်ရပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူက တတ်နိုင်သလောက်၊ လူတတ်နိုင်တဲ့သူကလူ တတ်နိုင်တဲ့အလျောက် လှူကြတယ်။ ဘာမှ မတတ်နိုင်တဲ့သူကတော့ ကိုယ့်အိမ်မှာ ကိုယ်နေတယ်။ ဒါကလည်း နိုင်ငံတော်ကို ကူညီခြင်းပါပဲ။ Stay At Home ကလည်း နိုင်ငံတော်ကူညီခြင်းပါပဲ။ ဒီအခက်အခဲကြီးကိုတော့ အားလုံးကျော်လွှားနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ငွေကြေးပြည့်စုံတဲ့သူကတော့ Covid ကာလမှာ Stay at home နေနေရင်းနဲ့ ဆယ်ဖီလေးတွေရိုက်လို့ရမယ်။ ငွေကြေးအဆင်မပြေတဲ့သူကျတော့ ထမင်းအိုးလေးထောင်ကြည့်ရင် ဆန်စေ့လေးများ ကျလာမလား မျှော်လင့်ချက်လေးတွေရှိတယ်။ သင်္ဂဟတရား လက်ကိုင်ထားပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ရှုစောင်မ ပေးကမ်းထောက်ပံ့ခြင်းက မင်္ဂလာတစ်ပါးပါပဲ။