News

POST TYPE

RELAX

အက်စတာနဲ့တွေ့ဆုံခြင်း
04-May-2020
"Covid ပြီးသွားရင် သမီးခရီးပဲ ထပ်ထွက်ချင်ပါတယ်"



အဆိုတော်အက်စတာ(Myanmar Idol) နဲ့ တွေ့ဆုံခိုက် Home Stay ကာလဖြတ်သန်းနေထိုင်မှုများအကြောင်း ၊ Covid ကာလပြီးဆုံးသွားရင် လုပ်ချင်တဲ့အရာများနှင့်သီချင်းအသစ်များ ဖန်တီးနေတဲ့အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။

Voice  : Home Stay ကာလကို ဘယ်လိုတွေ ဖြတ်သန်းနေလဲ။
Esther : အခုလို Home Stay ကာလမှာတော့ သီချင်းမဆိုရတာကြာတော့ အသံတစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ်။ ပြိုင်ပွဲတုန်းကလို သီချင်းမဆိုနိုင်မှာလည်း စိုးတယ်။ သီချင်းအဆိုလေ့ကျင့်တယ်။ အိမ်မှာ ဒီအတိုင်းနေရင် ထုံလာတယ်လေနော်။ ဦးနှောက်လည်း အလုပ် မလုပ်တော့ဘူးဆိုတော့ လေ့ကျင့်ခန်းတွေလုပ်တယ်။ ကိုယ့်ဘာသာစားချင်တာတွေကို ချက်စားတယ်။ ဖုန်းလည်း တစ်နေကုန် မသုံးဘူး။တစ်ခါတလေအိပ်တယ်။ အဲလိုလေးတွေ ဖြတ်သန်းဖြစ်ပါတယ်။ 

Voice  : အိမ်မှာနေရတာ ငြီးငွေ့လာတာမျိုးဖြစ်လား။ ပရိသတ်တွေနဲ့ရော ဘယ်လိုမျိုးထိတွေ့ဖြစ်သေးလဲ။ 
Esther : အရမ်းတော့ ပျင်းတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုရောဂါဆိုးတွေ ဖြစ်လာတဲ့အခါမှာ သမီးအပါအဝင်ပေါ့နော်။ အားလုံး ဂရုတစိုက်လေး အိမ်မှာနေပေးလို့ ရှိရင်၊ ဒီရောဂါဟာအပြင်ကို မထွက်ကြဘူးဆိုရင် ဒီရောဂါက ပျံ့ဖို့မရှိဘူးလေ။ အိမ်မှာပဲ အတတ် နိုင်ဆုံးနေတယ်။ အရမ်းကြီးမထွက်မဖြစ်ထွက်ရမယ်ဆိုရင်တော့ Mask တွေ အုပ်ပြီးတော့ထွက်ဖြစ်တယ်။ အဓိကအိမ်မှာနေတော့ အရမ်းတော့ပျင်းပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တဲ့အရာလေးတွေလုပ်တယ်။ ဂစ်တာတီးပြီးတော့ သီချင်းလေးတွေဆိုတယ်။ အဲလိုလေးပဲ ဖြတ်သန်းဖြစ်နေတယ်။ 

Voice  : Covid ကြီးပြီးရင် ဘာတွေလုပ်ချင်တာရှိလဲ။
Esther : သမီးက ပြိုင်ပွဲပြီးကတည်းက တောက်လျှောက် ခရီးထွက်ရတယ်ပေါ့နော်။ အားတဲ့အချိန်တောင် သိပ်မရှိဘူး။ ခရီး ထွက်ရတယ်။ Covid ပြီးသွားရင် သမီးခရီးပဲ ထပ်ထွက်ချင်ပါတယ်။ အစတုန်းကကျတော့ ခရီးတွေအရမ်းထွက်ရတော့ အရမ်းပင်ပန်း တယ်ပေါ့နော်။ အိမ်မှာ တကယ်လည်းနေရော ခရီးထွက်တဲ့ ဖီလင်လေးရောပြီးတော့ အထူးသဖြင့် သမီးကို အားပေးတဲ့သူတွေ ရှေ့မှာ မိုက်ကိုင်ပြီးတော့ သူတို့စိတ်ပျော်ရွှင်အောင် သီချင်းဆိုပေးရတာပေါ့။ မိုက်ကိုင်ပြီး သီချင်းဆိုရတာကိုလည်း အရမ်းပျော်တယ်။ ကျေလည်းကျေနပ်တယ်။ အဲအတွက်ရော သမီးကို စောင့်မျှော်နေ ကြတဲ့သူတွေအတွက်ရော ဆက်ပြီးတော့ သီချင်းဆိုချင်ပါတယ်။ 

Voice  : အက်စတာကို အားပေးခဲ့တဲ့ပရိသတ်တွေအတွက်ပေါ့။ မဖြစ်မနေအပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့သူတွေကိုရော ဘာတွေပြောပြချင်လဲ။
Esther : ပရိသတ်တွေပေါ့နော် အားလုံးကမဖြစ်မနေ အပြင်ထွက်ပြီး ကိုယ့်ရဲ့ မိသားစုအတွက် ဝမ်းစာရှာနေတဲ့အချိန်မှာ အထူးသဖြင့် ကျန်းမာရေးဂရုစိုက်ပါ။ အစားအသောက်အစ ကိုယ်ခံအား ကောင်းစေဖို့ အစားအသောက်လေးတွေ အားရှိအောင်စားပါလို့ ပြောချင်ပါတယ်။ 

Voice  : သီချင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးတင်ဆက်ချင်တာမျိုးရှိလဲ။ 
Esther : သမီးသီချင်းလေးတစ်ပုဒ်ကို ဒီကာလလေးအတွင်းမှာပေါ့နော်။ သီချင်းလေးတစ်ပုဒ်တော့ ဖြန့်ချင်တယ်။ ဆရာကလည်း စတီးနေပြီပေါ့နော်။ အသံလည်းအက်နေတာမျိုးမဖြစ်အောင် တီချယ်သင်ပေးထားတဲ့အတိုင်း အတတ်နိုင်ဆုံးလိုက်နာပြီးတော့ ကြိုးစားတယ်။ သီချင်းလေးတွေကို တစ်ပုဒ်ဖြစ်ဖြစ် နှစ်ပုဒ်ဖြစ်ဖြစ် လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ 

ခင်ညိုညိုသိမ့်