News

POST TYPE

RELAX

အောင်မြင်နေသူတွေ လက်ခံလိုက်နာကြတဲ့ စည်းမျဉ်း (၈) ခု
01-Dec-2016
ယနေ့ အောင်မြင်နေကြသူတိုင်းမှာ ထူးခြားတဲ့ စိတ်ကူးစိတ်သန်း တစ်ခုဆီတော့ အနည်းဆုံး ရှိတတ်ပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ မှန်ကန်တဲ့ ဥပဒေသတွေဟာ အောင်မြင်သူတစ်ဦး ဖြစ်လာစေတဲ့ အကြောင်းရင်းတွေထဲက အဓိက အကြောင်းရာ တစ်ခုပါ။ အောင်မြင်နေသူတွေ အများစု ကိုယ်တိုင်ဆုံးဖြတ်ချက် မှတ်ထားတဲ့ စည်မျဉ်းဥပဒေသအချို့ ရှိပါတယ်။

၁။ လက်ဆောင်မဟုတ်

အောင်မြင်ခြင်းဟာ လက်ဆောင်ရတာ မဟုတ်ပါဘူး။ ကြိုစားရှာဖွေရတဲ့ အရာဖြစ်တယ်။ တိကျခိုင်မာတဲ့ ရည်ရွယ်ချက်ထားပြီး အောင်မြင်အောင် လုပ်တယ်။

၂။ ဖော်မြူလာ

အောင်မြင်မှုရဲ့ အကောင်းဆုံး ဖော်မြူလာက အကောင်းဆုံး ကြိုးစားခြင်းပဲ ဖြစ်တယ်။ အကောင်းဆုံး ကြိုးစားပြရင် လူတွေ သဘောကျတယ်။

၃။ အဟန့်အတား

အောင်မြင်မှုအတွက် အကြီးမားဆုံး အဟန့်အတားကတော့ ကျရှုံးမှာကို ကြောက်ရွံ့နေခြင်းပါ။

၄။ ကံကောင်းခြင်းမဟုတ်

သင်တစ်ခါတစ်လေ ကံကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမယ့် တစ်ချိန်လုံး ကံကောင်းပြီးတော့ အောင်မြင်မှုကိုတော့ သင်မရနိုင်ဘူး။

၅။ နည်းလမ်း

အောင်မြင်မှုဆိုတာ သင့်လက်ထဲမှာရှိတဲ့ အခွင့်အရေး၊ အခြေအနေနဲ့ ဖြစ်အောင်လုပ်ပြီး ရလာနိုင်တဲ့ အရာပဲ။

၆။ အခွင့်အလမ်းသစ်

အောင်မြင်နေပြီးသား အရာတစ်ခုကို ထပ်ခါထပ်ခါ မလုပ်ဘူး။ အခြားလုပ်စရာ အခွင့်အလမ်းသစ်တေ ရှာတယ်။

၇။ အတွေ့အကြုံ

အောင်မြင်နေတဲ့ သူတစ်ယောက်ရဲ့ နောက်မှာ အကြိမ်ကြိမ် မအောင်မြင်ခဲ့တဲ့ အချိန်တွေ ရှိတယ်။

၈။ ဉာဏ်ရည်ဉာဏ်သွေး

လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ထက် ဉာဏ်ရည်ဉာဏ်သွေးက ပိုပြီးအရေးပါလေ့ ရှိတယ်။

Ref : Life Hack