News

POST TYPE

RELAX

Facebook ပေါ်မှာ ဖတ်စရာ
01-Dec-2016

အင်တာနက်တွေ၊ ဖုန်းတွေ အလွယ်တကူ သုံးလို့ရလာတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ တစ်ခုခု သိချင်ရင်လည်း အလွယ်တကူ ရှာဖွေနိုင်နေပါပြီ။

အဲ့ဒီလို အလွယ်တကူ ရှာဖွေနိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရှာနိုင်ကြတဲ့သူတွေအတွက် သိချင်တာတွေကို မေးမြန်းလို့ရတဲ့ ဖေစ့်ဘွတ်စာမျက်နှာတွေလည်း ရှိပါတယ်။ အခုပြောပြချင်တဲ့ စာမျက်နှာကလည်း အဲ့ဒီလို အလွယ်တကူ မေးမြန်းနိုင်ဖို့ လုပ်ထားတဲ့ စာမျက်နှာပါ။

တကယ်လို့ ကိုယ်က Excel အသုံးပြုနေရတဲ့သူ ဆိုပါစို့။ Excel နဲ့ ပတ်သက်ပြီး တစ်ခုခု သိချင်တာတွေ ရှိလာတဲ့အခါ စိတ်မပူပါနဲ့။

Search Box ထဲမှာ Myanmar Excel Expert Team လို့သာ ရိုက်ထည့်လိုက်ပါ။

Excel နဲ့ ပတ်သက်ပြီး ကြုံတွေ့နေကျ အခက်အခဲတွေကို ဖြေရှင်းပေးထားတဲ့ စာမျက်နှာတစ်ခု ကျလာမှာပါ။

Excel နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးထားရုံတင် မကဘဲ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြပေးထားတဲ့ စာမျက်နှာတစ်ခုမို့ သွားရောက်ကြည့်နိုင်အောင် ပြောပြလိုက်တာပါ။

https://www.facebook.com/myanmarexcel/ ဆိုတဲ့ လင့်ကနေတစ်ဆင့်လည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။