News

POST TYPE

RELAX

R ဇာနည်နဲ့ တွေ့ဆုံခြင်း
12-Mar-2020
“ကျွန်တော့်သားသမီးတွေကို ညီတူညီမျှ ချစ်မယ်။ သူတို့ဘဝကြီး အဆင်ပြေကောင်းစားဖို့အတွက် တရားသောနည်းနဲ့ ဘာမဆို လုပ်ပါမယ်”



အဆိုတော် R ဇာနည်နဲ့ တွေ့ဆုံခိုက် တတိယမြောက် ရင်သွေးလေးအကြောင်း he Voice Myanmar Season 3 မှာ Coach အဖြစ် ပြန်လည်ပါဖြစ်တဲ့အကြောင်းနဲ့ သီချင်းအသစ်အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice : တတိယမြောက်ရင်သွေးလေးက သမီးလေးဆိုတော့ အပျော်လေး အရင်ဆုံးသိပါရစေ။
RZN : အရမ်းပျော်နေပါတယ်။ ဖစ်ဖစ်တုန် မမွေးခင် မိန်းမကိုယ်ဝန်ရှိပြီဆိုကတည်းက လုံးဝကို မစစ်ထားဘူး။ ဘာလေးလဲ မသိချင်ဘူး၊ မွေးလာမှ သိချင်တာ။ ကျွန်တော်က မိန်းကလေးကို အဲဒီကတည်းက လိုချင်နေတာ။ နောက်တော့ ချစ်ချစ်တုန်လေး မွေးလာတယ်။ အခုလည်း Unseen ပဲ အခုမှသိရတယ်။ အဲတော့ အရမ်းကို ပျော်တာပေါ့နော်။ သားရှင်၊ သမီးရှင်ဆိုတာထက် ကလေးအဖေလို့ပဲ ခံစားမိပါတယ်။ သားရှင်ဖြစ်လို့၊ သမီးရှင်ဖြစ်လို့ဆိုပြီး ထွေထွေထူးထူး မရှိပါဘူး။ သမီးမွေးလာရင်လည်း သူ့ကိုပဲပိုချစ်ဖို့မရှိသလို ကျန်တဲ့ကလေးတွေကိုလည်း အချစ်ပေါ့သွားမှာမဟုတ်ပါဘူး။ ကျွန်တော့်သားသမီးတွေကို ညီတူညီမျှ ချစ်မယ်။ သူတို့ဘဝကြီး အဆင်ပြေကောင်းဖို့အတွက် တရားသောနည်းနဲ့ ဘာမဆို လုပ်ပါမယ်။ 

Voice : ဒီနှစ်ထဲမှာရော သီချင်းအသစ်တွေထွက်ဖို့ရှိလား။
RZN : သီချင်းအသစ်တွေကတော့ လုပ်လက်စပါပဲ။ ရှိုးပွဲတွေဆိုတယ်။ မိသားစု အရေးတွေနဲ့ဆိုတော့ Recording ဝင်ဖို့ ပျင်းနေတယ်။ ဝူဟန်ကြောင့် ကျွန်တော့်ရဲ့ပွဲ သုံးလေးငါးပွဲလောက်ရက် ရွှေ့လိုက်ရတယ်။ သင်္ကြန်လည်း ဘယ်မှာရှိမှန်း မသေချာသေးဘူး။ 

Voice : The Voice Season 3 လည်း စတော့မယ်။ ပြန်ပြီးပါဖြစ်တဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။
RZN : သူတို့က ဆက်ပြီးတော့လည်း ကမ်းလှမ်းတယ်ဆိုတော့ ကျွန်တော်လည်း ပါဖြစ်သွားတာပါ။ ပြိုင်ပွဲဝင်တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ Coach လုပ်ဖို့ စဉ်းစားထားပါတယ်။ 

Voice : ကို R ဇာနည်က Coach လုပ်တဲ့အခါ ရင်းရင်းနှီးနှီးဖြစ်တယ်လို့ ခံစားရတယ်လို့ ပြောကြတဲ့အပေါ်ရော။
RZN : ကျွန်တော်ကတော့ ကိုယ်ချင်းစာစိတ်နဲ့ပဲပေါ့။ ကျွန်တော်သိသလောက် အကြံဉာဏ်ပေးတယ်။ အားလုံးလည်းဒီလိုပါပဲ။ စတိုင်တော့ မတူဘူးပေါ့။ စတိုင်လ်လေးတော့ကွဲတာပေါ့။ 

Voice : Winner ဖြစ်မယ့်သူအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတာလေး အကြံဉာဏ်လေးပေးပါဦး။ 
RZN : ကျွန်တော့် Team ကတော့ Winner ဖြစ်ရမှာပေါ့။ 

ခင်ညိုညိုသိမ့်