News

POST TYPE

RELAX

တပ်မတော်ဂုဏ်ပြုဇာတ်လမ်းတွဲ တစစ်တမက် ကိုယ်နှင့်သက်ကို မကြာမီ ထုတ်လွှင့်မည်
12-Mar-2020


မြန်မာ့တပ်မတော်ရဲ့(၇၅)နှစ်မြောက်စိန်ရတုအနေနဲ့ legends of Warriors (တစစ်တမက် ကိုယ်နှင့်သက်ကို) ဆိုတဲ့ ဇာတ်လမ်းတွဲကို မကြာမှီ MWDရုပ်သံလိုင်းများနှင့် MRTV-4ရုပ်သံလိုင်းများမှာ ပြသသွားတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကနေစီစဉ်ပြီး Forever Groupရဲ့ နည်းပညာပံ့ပိုးမှုဖြင့် ရတနာအောင် ရုပ်ရှင်ထုတ်လုပ်ရေးနင့် နိယျာယန ရုပ်ရှင်ထုတ်လုပ်ရေးတို့က ပူးပေါင်းထုတ်လုပ်တာပါ။

ဒီဇာတ်လမ်းတွဲမှာ အပိုင်း၁၅ပိုင်းပါဝင်မှာဖြစ်ပြီးတော့ အခုလာမယ့် မတ်လ ၁၃ရက်နေ မတ်လ ၂ရရက်နေ့အထိ ည ၈နာရီ ၄၅အချိန်တိုင်းMRTV-4ရုပ်သံလိုင်းမှာ ပြသသွားတော့မှာပါ။

legends of Warriors (တစစ်တမက် ကိုယ်နှင့်သက်ကို)ဇာတ်လမ်းတွဲကို သမိုင်းအဆက်ဆက် ဖြစ်ရပ်မှန်များအပေါ် အခြေခံရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။



Credit - legends of Warriors (တစစ်တမက် ကိုယ်နှင့်သက်ကို) Page