News

POST TYPE

RELAX

တေးသံရှင် ကောင်းကောင်းနဲ့ တွေ့ဆုံခြင်း
10-Mar-2020
"ကျွန်တော့်ရဲ့အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာကို အမြဲတမ်း Control လုပ်ပေးတယ်။ ကျွန်တော့်အတွက် မရှိမဖြစ်ပါပဲ"



တေးသံရှင်ကောင်းကောင်းနဲ့တွေ့ဆုံခိုက် မိန်းမဖြစ်သူအတွက် သီချင်းခွေထုတ်ပေးမယ့်အကြောင်း ဆယ်လီတစ်ယောက်အဖြစ် နေထိုင်ရတာ ဝါသနာမပါကြောင်းနဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ရထားတဲ့အတွက်  အရာရာအဆင်ပြေနေတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : ကောင်းကောင်းနဲ့မိန်မိန်း တွဲဆိုထားတဲ့ သီချင်းလေးက ပေါက်တယ်နော်။ နောက်ထပ်ရော သီချင်းနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ပေးဖို့ရှိလဲ။ 
KK      : သူက အသံကတော့ အဲလောက်ကြီးတော့မဟုတ်ဘူးပေါ့နော်။ သူကကြိုးစားတယ်။ ပြီးတော့ Music ကို အရမ်းချစ်တဲ့အတွက် သူ့ကို Mini Album တစ်ခုလောက် အနည်းဆုံးကျွန်တော်လုပ်ပေးမယ့် အစီအစဉ်ရှိတယ်။ သူဝါသနာပါရင် ကျွန်တော် တကယ်လုပ်ပေးမှာပါ။ သီချင်းတွေလည်းရှိတယ်။ တေးရေး ငြိမ်းချမ်းကို ရေးပေးထားတဲ့ သီချင်းတွေ၊ ကျွန်တော် တခြား ရေးပေးတဲ့သီချင်းတွေ ရှိတယ်ဆိုတော့ အချိန်ကောင်းတစ်ခုကို စောင့်နေတာပေါ့နော်။ 

Voice  : ဂီတလောကကလည်း ကြံ့ကြံ့ခိုင်နိုင်မှလည်းရမှာဆိုတော့ ဇနီးကို ဘယ်လိုတွေပြောပြထားလဲ။ 
KK      : ကျွန်တော်ကတော့ ခံနိုင်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထက်ဆိုးတာတွေလည်း ကျွန်တော်ကျော်ဖြတ်ခဲ့ပြီးပြီဆိုတော့ အခွေလုပ်တာလည်း အကျိုးအမြတ်အတွက်မဟုတ်ဘူး။ သူအောင်မြင်ဖို့ထက် မှတ်တိုင်တစ်ခု သူထူနိုင်ဖို့အတွက်ပါပဲ။ ဘာပဲဖြစ်ဖြစ် ရှုံးမယ်ဆိုလည်း အရှုံးခံမှာပါ။ အောင်မြင်တယ်ဆိုလည်း ဘုရားကျေးဇူးတော်ပေါ့။ 

Voice  : ဇနီးက အချက်အပြုတ်တော်တယ်ထင်တယ်နော်။ ထမင်းစားရင် အမြဲတမ်းအားရပါးရစားတာမျိုးတွေ့ရတယ်။ 
KK      : ကျွန်တော်က ဆယ်လီလိုနေရတာ ဝါသနာမပါဘူး။ ကျွန်တော်က Life ကိုကြိုက်တယ်။ အိမ်မှာဆိုလည်း ဟန်ပန်နဲ့ မစားတတ်ဘူး။ ဇလုံကြီးနဲ့ငါးပိတို့စရာနဲ့မှ ကြိုက်တာ။ အဲဒါကြောင့် ကျွန်တော်ကငါးပိရုပ်ပေါက်နေလောက်ပြီ။ အပြင်သွားရင်လည်း ကိုယ်ကြိုက်တဲ့လက်ဖက်ရည်ဆိုင် ဝင်ထိုင်လိုက်တာပဲ။ ဆယ်လီတစ်ယောက်လိုမျိုး နေရတာကို ဝါသနာလုံးဝမပါဘူး။ အမြဲတမ်းလည်း နောက်ဒီလိုမျိုး လွတ်လွတ်လပ်လပ်နေတာကိုပဲ ကြိုက်တယ်။ 

Voice  : ဇနီးလက်ရာထဲက အကြိုက်ဆုံးဟင်းရောရှိလား။ 
KK      : သူချက်တဲ့ထဲက အကြိုက်ဆုံးဟင်းဆိုရင် ငါးကြင်းဗိုက်သားကို ငါးပိရည်နဲ့ချက်တာ အရမ်းကြိုက်တယ်။ သူချက်တဲ့ငါးပိရည်က တကယ့်ကမ္ဘာ့အကောင်းဆုံးပဲ။ နယ်ရှိုးပွဲသွားရင်တောင် ငါးပိရည်ဘူးကိုယူသွားတာလေ။ 

Voice  : မိန်မိန်းက ကောင်းကောင်းအတွက် တကယ့်လက်တွဲဖော်ကောင်းလို့ ပြောလို့ရလား။ 
KK      : တကယ့်နံရိုးပိုင်ရှင်စစ်စစ်ပါပဲ။ ကျွန်တော့်အတွက် အရမ်းကောင်းတယ်။ သူက နောက်မှာသာနေတာ အရာရာကို ဦးဆောင်နိုင်တယ်။ ယောကျာ်းလေးတစ်ယောက်က ဒီလိုအိမ်ထောင်ရှင်မကောင်း တစ်ယောက်မရှိဘူးဆိုရင် အဆင်မပြေဘူးထင်တယ်။ သူ့ကြောင့် ကျွန်တော်အများကြီး အဆင်ပြေတယ်။ လုပ်ငန်းတွေရော ကျွန်တော့်ရဲ့ အနာဂတ်မှာဘာလုပ်ရမလဲဆိုတာကို အမြဲတမ်း Control လုပ်ပေးတယ်။ ကျွန်တော့်အတွက် မရှိမဖြစ်ပါပဲ။

ခင်ညိုညိုသိမ့်