News

POST TYPE

RELAX

ရေဆန်လေဆန် ဘီလီလမင်းအေး
09-Mar-2020
Myanmar Idol ပြိုင်ပွဲကနေ ပရိသတ်အခိုင်အမာရရှိလာတဲ့ ဘီလီလမင်းအေး ရဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိ လာပါတယ်။

သီချင်းလေးက ရေဆန်လေဆန် လို့အမည်ရပြီး ဒီသီချင်းလေးရဲ့ Lyric Video ကိုဘီလီလမင်းအေးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပေးတာကိုတွေ့ရပါတယ်။

ဒီသီချင်းလေးကို တေးရေး Jung Jung MN ကရေးစပ်ပေးထားတာဖြစ်ပြီးတော့ Joox Application မှာနားဆင်လို့ လည်းရနေပြီဖြစ်ပါတယ်။

ရေဆန်လေဆန် ဆိုတဲ့အတိုင်း ဇာတိမြေကို စွန့်ခွာပြီး ကြိုးစားရုန်းကုန်ရင်း မိမိရဲ့ ဇာတိမြေကို ပြန်ချင်တဲ့ စိတ်နဲ့ လွမ်းဆွတ်နေတဲ့ပုံစံသီချင်းလေးတစ်ပုဒ်ဖြစ်လို့ ကိုယ့်ဇာတိကိုစွန့်ခွာပြီး ရေခြား၊မြေခြားမှာသွားရောက်နေထိုင်နေရ သူတွေ အကြိုက်တွေ့ဦးမယ့်သီချင်းလေးတစ်ပုဒ်ပါပဲ။

တစ်ခါတည်းနားဆင်ကြည့်လို့ရအောင် ဘီလီလမင်းအေးရဲ့ YouTube မှာတင်ထားတဲ့ Lyric Video လေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။



Credit - Billy La Min Aye Facebook & YouTube