News

POST TYPE

RELAX

Yangon In Love ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ဟန်နီနွေဦး
09-Mar-2020


လူမှုကွန်ရက်စာမျက်နှာပေါ်မှာ YUFL Girl Football team ကနေ တစ်ဆင့်လူသိများလာခဲ့သူတစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးအနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် Yangon in Love ဇာတ်ကားထဲမှာပါဝင် သရုပ် ဆောင်သွားမယ်လို့သိရပါတယ်။

ဟန်နီနွေဦးဟာ လက်ရှိမှာတော့ Photo Model နဲ့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်မှုတွေရှိ နေပေမယ့် ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး လူ ၄၀၀ ကျော်ထဲက Audition အဆင့် ဆင့် ကို ဖြတ်ကျော်ကာ အရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။



Yangon In Love ဇာတ်ကားကို ဇာတ်ညွန်း ခမ်းမွန် ကရေးသားပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးသွား မှာဖြစ်ကာ Good Old Days ကထုတ်လုပ်သွားမှာပါ။

လူငယ်အချစ်ဟာသဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်သစ် ၂၆ ယောက် နဲ့ အတူ၄ လ နီးပါး ၊ trainingနဲ့ rehearsal တွေလုပ်ခဲ့ရပြီး ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း စတင်နေပြီလို့သိရပါတယ်။



Credit - Yangon In Love Page & ဟန်နီနွေဦး Facebook