News

POST TYPE

RELAX

စိုးပြည့်သဇင်နဲ့ တွေ့ဆုံခြင်း
09-Mar-2020
"စိုးပြည့်သဘောကျတဲ့ အနုပညာကို ဖြည်းဖြည်းချင်း အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်မှာပါ"



သရုပ်ဆောင်စိုးပြည့်သဇင်နဲ့တွေ့ဆုံခိုက် လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောင်းလဲပစ်ချင်တဲ့ ကာရိုက်တာတွေအကြောင်းနဲ့
ဇာတ်လမ်းတွဲရဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲလေး အကြောင်းပြောပေးပါဦး။
SPTZ  : လက်ရှိ ရိုက်ကူးနေတဲ့ဇာတ်လမ်းတွဲလေးကတော့ နှလုံးသားဒိုင်ယာရီဆိုတဲ့ ဇာတ်လမ်းတွဲပါ။ စိုးပြည့်က ဒီဇာတ်လမ်းတွဲလေးမှာ ကာရိုက်တာနှစ်ခုပေါ့နော်။ အဆိုတော်ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ 

Voice  : ဇာတ်လမ်းတွဲဆိုရင် ဘယ်နှခုမြောက်ဖြစ်မလဲ။ အားသာချက်လေးတွေရှိရင် ပြောပါဦး။
SPTZ  : ဇာတ်လမ်းတွဲကတော့ စိုးပြည့်ရဲ့တတိယမြောက်ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းတွဲကတော့ ပိုပြီးတော့စီစဉ်ရတယ်။ ပိုပြီးတော့ အချိန်ယူရတယ်။ အပိုင်းတွေအများကြီးဖြစ်တော့ ချိန်ရတာပေါ့။ စိုးပြည့်က ကာရိုက်တာနှစ်ခုလုပ်ရတာဆိုတော့ ပထမတစ်ကိုယ်မှာ နည်းနည်းအေးအေးဆေးဆေးပုံစံပဲ။ ဒုတိယမှာတော့ နည်းနည်းအသွက်လေးပါပဲ။ 

Voice  : နောက်ထပ်ရော ဇာတ်လမ်းလေးတွေရိုက်ဖို့ ရှိသေးလား။
SPTZ  : စိုးပြည့် Pay Par View မှာ မိုးနဲ့အတူဆိုတဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ရှိပါတယ်။ ချင်းပြည်နယ်ဘက်မှာလည်း စိုးပြည့် ကားကြီးတစ်ကားရိုက်ဖို့လည်း ရှိပါတယ်။ ဒါရိုက်တာကတော့ ကိုပေါက်ပါ။ မရိုက်ဘူးတဲ့ ကာရိုက်တာလည်းဖြစ်တယ်။ 

Voice  : ၂၀၂၀ မှာပြောင်းချင်တဲ့ ကာရိုက်တာလေးတွေ၊ ရိုက်ချင်တာလေးတွေရောရှိလား။ 
SPTZ  : စိုးပြည့်က အနုပညာကိုတော့တန်ဖိုးထားတယ်။ စိုးပြည့်သဘောကျတဲ့ အနုပညာကို ဖြည်းဖြည်းချင်း အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်မှာပါ။ 

Voice  : ပရိသတ်မမှတ်လောက်အောင်ထိ ကာရိုက်တာမျိုးရော ရိုက်ဖူးလား။
SPTZ  : ပရိသတ်မမှတ်လောက်အောင်ထိကို လုပ်ချင်တယ်။ ကိုယ်သိပ်မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးဆိုရင်တော့ ပိုပြီးတော့ ကြိုးစားရမယ်။ ပိုပြီးတော့ အားစိုက်ရတယ်။ ပိုပြီးတော့ ကြိုးစားအားထုတ်မှု ရှိတာပေါ့။ ကာရိုက်တာတစ်ခုကို ပီပြင်ဖို့အတွက်ကျတော့ အများကြီးအားစိုက်တာမျိုးတွေလည်း ရှိပါတယ်။ ပုံမှန်ထက်ကို ပိုပြီးတော့ ကြိုးစားရပါတယ်။ 

Voice  : ကိုယ့်အနုပညာကို လေးလေးနက်နက်ဖြစ်တယ်လို့ ခံစားမိလား။ 
SPTZ  : ဗီဒီယို ရုပ်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ကိုယ်လုပ်လို့ရမယ့်ဟာကို အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။   

ခင်ညိုညိုသိမ့်