News

POST TYPE

RELAX

ယောက္ခမတစ္ဆေမှာ အကယ်ဒမီ စိုးမြတ်သူဇာ၊ သင်ဇာ၀င့်ကျော်၊ ထွန်းထွန်းနဲ့ လှနုထွန်းတို့ ပါ၀င်မယ်
08-Mar-2020


လက်တလောမှာ မြမြဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ စိတ်၀င်စားအားပေးမှုကိုရရှိနေတဲ့ ဒါရိုက်တာ ညိုမင်းလွင်အနေနဲ့ နောက်ထပ်ဇာတ်ကားတစ်ခုဖြစ်တဲ့ ယောက္ခမတစ္ဆေဆိုတဲ့ဇာတ်ကားကြီး အတွက် သရုပ်ဆောင်ရွေးချယ်မှုတွေပြုလုပ်နေပြီးလို့သိရပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်သွားမယ့် အနုပညာ ရှင်တွေကိုတော့ ယောက္ခမတစ္ဆေ Page ကနေတစ်ဆင့် ပရိသတ်တွေအသိပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ အကယ်ဒမီ စိုးမြတ်သူဇာ၊ သင်ဇာ၀င့်ကျော်၊ လှနုထွန်းနဲ့ ထွန်းထွန်းတို့ ပါ၀င်သရုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။



အဲ့ဒီအပြင် "ယောက္ခမကိုနမော်နမဲ့နဲ့ မတော်တဆပြန်သတ်မိသလိုဖြစ်သွားပြီး၊ ဘွားတော်ကြီးက မကျွတ်ဘဲ ပြန်လာခြော က်နေတဲ့အခါ" ဆိုပြီးတော့ ဇာတ်ကားရဲ့ အကြောင်းအနည်းငယ်ကို ပရိသတ်‌တွေသိအောင်ပြောပြထားပါသေးတယ်။

ဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်မယ့်နောက်ထပ်သရုပ်ဆောင် ‌တွေကို ဆက်လက်ကြေညာပေးသွားမယ်လို့လည်းသိရပါတယ်။