News

POST TYPE

RELAX

TripleCamera GameMonster realme C3 ကို ဈေးကွက်တွင် လက်ဆောင်များနှင့်အတူ ဝယ်ယူနိုင်ပြီး
06-Mar-2020

ဈေးနှုန်း ၂သိန်းအောက်မှာ PUBG ဂိမ်းကို HD (High Frame Rate) ဖြင့် ကစားနိုင်သည့် Budget King ဖုန်းတစ်လုံးဖြစ်လာခဲ့

realme က အသစ်စက်စက်မိတ်ဆက်ပေးထားသည့် realme C3 စမတ်ဖုန်းကို ယခုအခါတွင် လက်ဆောင်အခွင့်အရေများနှင့်အတူ ဝယ်ယူခံစားနိုင်ပြီဖြစ်သည်။ TripleCamera GamerMonster ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သည့် ကင်မရာရိုက်ကူးမှုအတွေ့အကြုံ၊ Gaming ပိုင်းပိုမိုမြင့်မားသွက်လက်မှုများနှင့်အတူ ပေးရသည့်ဈေးနှင့်ထိုက်တန်သည့်တန်ဖိုးကို အပြည့်အဝရရှိစေနိုင်မည်ဖြစ်သည်။ realme C3 ကို version ၂မျိုးအဖြစ်ထုတ်လုပ်ပေးထားပြီး  RAM 2GB + ROM 32GB အတွက် ၁၆၉,၉ဝဝ ကျပ်နှင့် RAM 3GB + ROM 32GB အတွက် ၁၉၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်သည်။ Blazing Red နှင့် Frozen Blue အရောင် ၂မျိုးကိုရွေးချယ်နိုင်စေမည်ဖြစ်သည်။ 

realme C3 တွင် ကြီးမားကျယ်ပြန်သည့် 6.5-inch HD+ display ကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုမှုကိုပိုမိုကြာရှည်ခံစေမည့် ကြီးမားသည့် 5000 mAh battery နှင့် တွဲဖက်ပေးထားခြင်းဖြစ်သည်။ 
GameMonster ဆိုသည့်အတိုင်း ပိုမိုသွက်လက်မြန်ဆန်သည့် Gaming အတွေ့အကြုံများထိတွေ့ရရှိနိုင်စေရန် MediaTek ၏ Helio G70 ကိုအသုံးပြုထားသည့် ကမ်ဘာ့ပထမဆုံး Entry-level စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။ Mobile Legends ဂိမ်းတွေအပြင် graphic အပိုင်းပိုမိုလိုအပ်သည့် PUBG ဂိမ်းမျိုးကိုပင် HD ရုပ်ထွက်အရည်အသွေးကို High Frame Rate ဖြင့်ပါကစားနိုင်စေမည်ဖြစ်သည်။ TripleCamera ဆိုသည့်အတိုင်း နောက်ကင်မရာ ၃လုံးတပ်ဆင်ပေးထားသည့် ပထမဆုံး C series ထုတ်ကုန်တစ်ခုလည်းဖြစ်ပြီး 12MP ပင်မကင်မရာ၊ Portrait အလှပုံတွေရိုက်နိုင်စေမည့် 2MP Depth Sensor သုံးကင်မရာနှင့် ၄စင်တီမီတာအကွာက အနုစိတ်ပုံလေးများကိုစမ်းသပ်ရိုက်ယူနိုင်စေမည့် 2MP Ultra Macro Sensor သုံးကင်မရာတို့ကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ ရှေ့ဘက် Selfie ကင်မရာအတွက်လည်း AI ဓာတ်ပုံကောင်းများရိုက်ယူနိုင်စေမည့် 5MP ကင်မရာကိုပါတပ်ဆင်ပေးထားသည်။ 

realme C3 တွင် Android 10 ကိုအခြေခံထားသည့် realme ၏ကို်ပိုင်း realme UI ကိုတစ်ပါတည်းထည့်သွင်းပေးထားသည့် စမတ်ဖုန်းဖြစ်ပြီး realme UI ၏အားသာချက်ကြောင့် app များဖွင့်သည့်အချိန်ကို ၁၄ရာခိုင်နှုန်း၊ RAM သုံးစွဲမှုကို ၂ဝ ရာခိုင်နှုန်းအထိလျှော့ချပေးထားသလို battery အားခံမှုကိုလည်း ၄ဝ ရာခိုင်နှုန်းအထိတိုးမြင့်ရရှိစေမည်ဖြစ်သည်။ 
realme C3 ကိုဝယ်ယူသူ customer များအနေဖြင့် ဧပြီလ (၁၇)ရက်အထိအထူးလက်ဆောင် Dare to Leap စာသားပါ realme T-shirt နှင့် realme Gift-set ၂မျိုးထဲမှ တစ်မျိုးကို ရွေးချယ်ရယူနိုင်မည်ဖြစ်သည်။