News

POST TYPE

RELAX

ဘန်ကောက်ကို ဈေးဝယ်ထွက်လိုသူတွေအတွက် Shop Till You Drop အမည်ဖြင့် အဲအေးရှားက အထူးပရိုမိုးရှင်း ပြုလုပ်
28-Nov-2016

ကမ္ဘာ့ထိပ်တန်း စရိတ်သက်သာ လေကြောင်းလိုင်း အဲအေးရှားကနေပြီး ဘန်ကောက်ကို ဈေးဝယ်ထွက်မယ့်သူတွေအတွက် လေယာဉ်လက်မှတ်ခ အထူးသက်သာစေမယ့် Shop Till You Drop နာမည်နဲ့ အထူးပရိုမိုးရှင်း တစ်ရပ်ကို ပြုလုပ်လျက်ရှိပါတယ်။


ဒီပရိုမိုးရှင်းမှာ လက်မှတ်ခတွေက ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက်ကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၃၄ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။


ဒါ့အပြင် ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက်၊ အဲဒီကမှတဆင့် ချင်းမိုင်၊ ဖူးခက်၊ ခရာဘီနဲ့ အခြားခရီးစဉ် အများအပြားကိုလည်း အမေရိကန်ဒေါ်လာ ၆၉ ဒေါ်လာကနေ စတင်မယ့် လက်မှတ်ခ နှုန်းထားတွေလည်း ပါဝင်ပါသေးတယ်။


ဒီပရိုမိုးရှင်းကို ခံစားခွင့်ရဖို့အတွက် ဒီဇင်ဘာလ ၄ ရက်နေ့ မတိုင်ခင် လက်မှတ်မှာယူဖို့ လိုအပ်မှာဖြစ်ပြီး ခရီးသွားရမယ့် ကာလကတော့ လက်မှတ်ဝယ်ယူတဲ့နေ့ကနေ ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ထိပဲ ဖြစ်ပါတယ်။


ဒီပရိုမိုးရှင်း ဈေးနှုန်းတွေထဲမှာ လေဆိပ်ခွန် ပါဝင်ပြီးသား ဖြစ်ပေမယ့် အခြားလိုအပ်တဲ့ ဝန်ဆောင်မှု စရိတ်တွေကိုတော့ ထပ်ဆောင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ထိုင်ခုံအရေအတွက်ကိုလည်း ကန့်သတ်ထားပြီး အများပြည်သူ ရုံးပိတ်ရက်တွေ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေကိုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။ 



  • VIA