POST TYPE

RELAX

လက်မောင်းပြတ်သူ လက်ဗွေ မနှိပ်နိုင်လို့ ဘဏ်ချေးငွေ ပယ်ချခံရ
23-Nov-2016

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟီနန်ပြည်နယ် ကျန်ကျိုးမြို့က အမျိုးသား တစ်ဦးဟာ အိမ်ရာအတွက် ဘဏ်ချေးငွေ လျှောက်ထားရာမှာ လုပ်ငန်းစဉ် တစ်ခုကို မလုပ်နိုင်လို့ ချေးငွေ မရခဲ့ပါဘူး။ ဒီလုပ်ငန်းစဉ်ကတော့ လက်ဗွေ နှိပ်ရတာပဲ ဖြစ်ပါတယ်။ လက်မောင်းကနေ ပြတ်နေတဲ့ ဒီအမျိုးသားက ဘယ်လိုများ လက်ဗွေ နှိပ်ရပါ့မလဲ။ အသက် ၂၅ နှစ်အရွယ် မစ္စတာ ဝူကျင်ဖင်းဟာ အသက် ငါးနှစ်အရွယ်မှာ ပြင်းပြင်းထန်ထန် ဓာတ်လိုက် ခံရလို့ လက် နှစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ ပါးစပ်ကို အသုံးပြုပြီး လက်မှတ် ထိုးနိုင်ပါတယ်။ ဘဏ်များစွာထံမှ ချေးငွေ လျှောက်ထားခဲ့ပေမယ့် လက်ဗွေ မနှိပ်နိုင်တဲ့ အချက် တစ်ခုတည်းနဲ့ ပယ်ချခံနေရတာတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ လက်မှတ်ပဲ ထိုးရုံလောက်က တရား မဝင်ဘူးလို့ ဘဏ်ဝန်ထမ်းတွေက ပြောနေကြပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ တရုတ် လူမှုကွန်ရက် မီဒီယာတွေမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“လက်မှတ်က အတုလုပ်လို့ ရပြီးတော့ လက်ဗွေက အတုလုပ်လို့ မရတာကြောင့် ဖြစ်ပါတယ်”လို့ ဘဏ်ဝန်ထမ်း တစ်ဦးက ပြန်လည် ဖြေကြားပေးပါတယ်။

အထူး လိုအပ်ချက် ရှိသူတွေအတွက် အထူး အစီအစဉ်တွေ လုပ်ပေးဖို့ လိုလိမ့်မယ်လို့  မြို့တော် အိမ်ရာ စီမံခန့်ခွဲရေး ဗြူရိုက မှတ်ချက် ပေးထားပါတယ်။ 

Ref : UPI

  • VIA