POST TYPE

RELAX

အပျင်းကြီးသူတွေလည်း အောင်မြင်နိုင်ချေ ရှိကြောင်း ဖော်ပြနေတဲ့ အချက် (၅) ချက်
23-Nov-2016


ပျင်းရိခြင်းဟာ မကောင်းတဲ့အရာ၊ လူကို အညွန့် တုံးစေတဲ့ အကျင့်ဆိုး ဖြစ်တယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။ ဒါဟာ ရာနှုန်းပြည့် မှန်ကန်မယ်လို့ သင်ရော ထင်ပါသလား။

ငပျင်းတွေလို့ အများက သတ်မှတ် ထားကြတဲ့သူတွေမှာ ကိုယ်ပိုင် အားသာချက် ကိုယ်စီ ရှိနေကြပြီးသားပါ။ ပျင်းတတ်သူတွေလည်း အောင်မြင်နိုင်ချေ ရှိတဲ့ အကြောင်းပြချက် (၅) ချက် ရှိပါတယ်။

၁။ ဖန်တီးမှု အားကောင်းခြင်း
သူတို့ဟာ အများခေါ်ကြသလို ငပျင်းတွေ ဖြစ်ပါတယ်။ တစ်ခုခုလုပ်တဲ့အခါ ဘယ်အရာက အလွယ်ကူဆုံး နည်းလမ်းလဲ ဆိုတာကို တွေးပြီး အသုံးချတတ်ကြပါတယ်။ တစ်ခု သိထားရမှာက ရုပ်ပိုင်းဆိုင်ရာအရ သူတို့ လုပ်ပုံကိုင်ပုံဟာ ပျင်းရိနေပုံ ပေါက်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းအတွက် သူတို့ ဦးနှောက်ကတော့ ပျင်းလို့မရပဲ အလုပ် လုပ်ကြရတာပါ။

၂။ စွန့်ဦးတီထွင် လုပ်ငန်များကို စိတ်ဝင်စားတယ်
သူတို့က ငပျင်းတွေ ဖြစ်တဲ့အတွက် သမာရိုးကျ လုပ်ငန်းတွေထက် စွန့်ဦးတီထွင် လုပ်ငန်းတွေ၊ စီမံကိန်းတွေကို ပိုပြီး သဘော ကျတတ်ကြပါတယ်။ လုပ်နေတုန်း ပျင်းသယောင် ထင်ရပေမယ့် ရလဒ်အဆုံးမှာတော့ ကောင်းနေတတ်ပါတယ်။

၃။ နားချိန်ကို သိတယ်
သူတို့က အလုပ်မှ အလုပ်ဆိုတဲ့ သူတွေ မဟုတ်ပါဘူး။ လူတွေဟာ အလုပ် ဖိအားတွေ နေ့စဉ် ထမ်းပြီး ကိုယ့်အသက်တိုအောင် လုပ်နေကြပါတယ်။ အများ ခေါ်ကြတဲ့ ငပျင်းတွေကတော့ ဘယ်အချိန် အနားယူသင့်တယ် ဆိုတာကို သိပြီး နောက်လုပ်မယ့် အရာတွေ အတွက်လည်း ခေါင်းထဲမှာ အစီအစဉ်တွေ အပြည့် ဖြစ်နေတတ်ပါတယ်။ ဒီတော့ သူများနောက်မှ စရင်တောင် သူတို့က ကျော်တက်သွားလေ့ ရှိသူတွေပါ။

၎။ အေးအေးလူလူ အလုပ် လုပ်တတ်
အလုပ် လုပ်ရင် ပျားပန်းခတ်ပြီး သောကပွေမနေတက်ကြပါဘူး။ စိုးရိမ်စိတ်တွေနဲ့ ဒီတစ်ခု မပြီးသေးပဲ နောက်တစ်ခု လုပ်တတ်သူတွေလည်း မဟုတ်ပါဘူး။ တစ်ခုပြီး တစ်ခု အေးအေးလူလူ အချိန်ယူ လုပ်တတ်လို့ ရလဒ်ဟာ ကောင်းမွန်နေတတ်ပါတယ်။ သူတို့ထံမှာ စိုးရိမ်စိတ်ဆိုတာ မရှိသလောက်ကို နည်းပါးသူတွေပါ။
 
၅။ ပန်းတိုင်ကို သိတယ်
နေ့စဉ် များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်နေပေမယ့်လည်း ပန်းတိုင်ဆိုတာ မရှိရင် အလကားပါ။ သူတို့ကတော့ တစ်နေ့ ဘယ်နေရာ ရောက်ရမယ်၊ ဘာဖြစ်ရမယ် ဆိုတာမျိုးကို အစီအစဉ် ချထားပြီးသား ဖြစ်နေတတ်ကြပါတယ်။ ကိုယ့်ပန်းတိုင်ကို တိတ်တဆိတ် ချမှတ်ထားသူတွေ ဖြစ်လို့ အချိန်တန်ရင် အောင်မြင်နိုင်ချေ ရှိသူတွေပါ။

Ref : Life Hack

  • VIA