News

POST TYPE

RELAX

ပရိသတ် တစ်ဦးရဲ့ မျက်နှာကို သွေးထွက်အောင် ထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာ
23-Nov-2016

အသက် ၂၂ နှစ်အရွယ် ကနေဒီယန် အဆိုတော် ဂျက်စတင် ဘီဘာဟာ ပွင့်နေတဲ့ ကားပြတင်းပေါက်ကနေ အမျိုးသား တစ်ဦးကို လှမ်းထိုးလိုက်တာကို ဗီဒီယို ဖိုင် တစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဘာစီလိုနာမြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဂျက်စတင်ဘီဘာ ရောက်ရှိလာတဲ့အချိန်မှာ ပွဲလာ ပရိသတ်တွေက ကြည့်ရှုနေခဲ့ကြတာပါ။

ဘီဘာ စီးလာတဲ့ ကားက ခပ်ဖြည်းဖြည်း မောင်းလာတဲ့အတွက် စိတ်အား ထက်သန်နေတဲ့ ပရိသတ် တစ်ဦးက ဂျေဘီကို လှမ်းပြီး တို့ထိလိုက်တာကို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ဂျေဘီကတော့ ထိုလူရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးထည့်လိုက်ပါတယ်။
ကားက မောင်းထွက်သွားပြီးနောက် ယင်းအမျိုးသားဟာ အံ့သြ မင်သက်စွာနဲ့ သူ့ပါးစပ်ကို ကိုင်ကြည့်နေခဲ့ပြီး ကင်မရာဘက်ကို လှည့်လိုက်တော့ နှုတ်ခမ်းမှာ သွေးတွေ ထွက်နေတာကို မြင်လိုက်ရပါတယ်။

ယင်းအမျိုးသားက ဒေါသတကြီးနဲ့ အော်ဟစ်နေခဲ့ပြီး မိန်းကလေး တစ်သိုက်ကလည်း သူ့ပါးစပ်က သွေးတွေကို ကြည့်ပြီး အံ့သြထိတ်လန့်နေကြပါတယ်။

ကမ္ဘာ့လှည့် ဖျော်ဖြေပွဲတွေ လုပ်နေတဲ့ ဂျက်စတင်ဘီဘာဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေတာ ဖြစ်ပြီး မကြာသေးခင်ကလည်း ဘာစီလိုနာအသင်း ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့ပါသေးတယ်။

Ref : Daily Mail

  • VIA